DVB Logo
Home
မြန်မာသတင်း
မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့် (ဓာတ်ပုံ)
DVB
·
May 4, 2018
မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့် (ဓာတ်ပုံ)
1 / 14
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်နဲ့ ဒီဗွီဘီ မာတီမီယာဂရု(ပ်)တို့ ပူးပေါင်း ဖွင့်လှစ်သင်ကြားပေးတဲ့ မာလ်တီမီဒီယာ အကယ်ဒမီ သတင်းပညာ သင်တန်းဆင်း လက်မှတ်ချီးမြှင့်ပွဲကို မေလ ၄ ရက်က ရန်ကုန်မြို့ရှိ နယူးဧရာဟိုတယ်မှာ ကျင်းပပါတယ်။

ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်တဲ့ ဒီသင်တန်းမှာ မြန်မာနိုင်ငံ ဒေသအသီးသီးက သင်တန်းသား၊ သင်တန်းသူတွေ တက်ရောက်ပြီး သတင်းပညာနဲ့ ပတ်သက်တဲ့ အတတ်ပညာတွေကို ၃ လကြာ လေ့လာသင်ကြားခဲ့ရတာပါ။

ဒီသင်တန်းမှာ သတင်းစာပညာ မိတ်ဆက်၊ စာနယ်ဇင်းသမိုင်းကြောင်း၊ လူထုဆက်သွယ်ရေးဆိုင်ရာ သီအိုရီ၊ အခြေခံရုပ်သံမီဒီယာ၊ ရုပ်သံမီဒီယာကျင့်ဝတ်နဲ့ သက်ဆိုင်တဲ့ ပညာရပ်တွေကို အဓိက သင်ကြားပေးခဲ့တာပါ။

 

သင်တန်းပြီးမြောက်အောင်မြင်ပါက အသက်မွေးဝမ်းကျောင်းအဖြစ် သတင်းမီဒီယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်မှာဖြစ်ပြီး  သင်တန်းကြေးအဖြစ် အမေရိကန်ဒေါ်လာ ၂၀၀၀ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013