DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်းတိုင်ကြားမှု ၁၁၈၀ မှုရှိခဲ့ပြီး ဖခင်အရင်းနှင့်ဖြစ်ပွားမှု ၅၇ မှုပါဝင်
DVB
·
May 4, 2018
သက်ငယ်မုဒိမ်းတိုင်ကြားမှု ၁၁၈၀ မှုရှိခဲ့ပြီး ဖခင်အရင်းနှင့်ဖြစ်ပွားမှု ၅၇ မှုပါဝင်
Donate to DVB

နိုင်ငံတဝန်း သက်ငယ်မုဒိမ်း တိုင်ကြားမှုပေါင်း ၁၁၈၀ မှုရှိခဲ့ပြီး ဖခင်အရင်းနဲ့ဖြစ်တာ ၅၇ မှု ပါဝင်တယ်လို့ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းက ပြောပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ အောက်တိုဘာလကုန်အထိ တိုင်ကြားထားတဲ့ အမှုတွေဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်စည်ပင်ခန်းမမှာ ဒီကနေ့မနက် ပြုလုပ်တဲ့ အမျိုးသမီးများ အကြမ်းဖက်ခံရမှု ကာကွယ်တားဆီးရေး ပညာပေးဆွေးနွေးပွဲမှာ ပြောသွားတာ ဖြစ်ပါတယ်။

ဒေါက်တာမြသောင်းက “အကြမ်းဖက်ခံရမှုထဲမှာ သက်ငယ်မုဒိမ်းက ဆိုးရွားယုတ်မာတဲ့ အကြမ်းဖက်မှု ဖြစ်ပါတယ်။ မုဒိမ်းမှုဆိုတာ လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် မကောင်းပါဘူး။ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ပြစ်မှုအနေနဲ့ ထောင်ဒဏ် ၇ နှစ်ကနေ တသက်တကျွန်း ချနိုင်ပါတယ်။ တကယ်လို့ ကျူးလွန်ပြီး သတ်ပစ်ရင် သေချာပေါက် သေဒဏ်ချခံရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ကနေ ၂၀၁၆ အောက်တိုဘာလကုန်အထိ သက်ငယ်မုဒိမ်းတိုင်ကြားမှု ၁၁၈၀ ရှိပါတယ်။ မတိုင်ရဲလို့ မပြောရဲလို့ ခံရတာတွေလည်း ရှိပါတယ်။ သူစိမ်းနဲ့ဖြစ်တာ အများဆုံးပါ။ ဖခင်အရင်းနဲ့ဖြစ်တာ ၅၇ မှု ပါပါတယ်” လို့ ပြောပါတယ်။

ဒီအခမ်းအနားမှာ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမြသောင်းနဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းညွန့်တို့ တက်ရောက် ဆွေနွေးခဲ့ပါတယ်။

အခမ်းအနားကို ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး ဖြူးမြို့နယ်ရှိ အမျိုးသမီး စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကာ ဌာနဆိုင်ရာ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013