DVB Logo
Home
မြန်မာသတင်း
သက်ငယ်မုဒိမ်း လူသတ်မှုကျူးလွန်ခဲ့သူကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
DVB
·
May 4, 2018
သက်ငယ်မုဒိမ်း လူသတ်မှုကျူးလွန်ခဲ့သူကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
1 / 3
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်မှာ အသက်၂ နှစ်အရွယ် ကလေးငယ်တဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူကို မြောင်းမြခရိုင်တရားရုံးက မေ ၃ ရက်က  သေဒဏ်ချမှတ်ခဲ့တယ်လို့ မြောင်းမြခရိုင်တရားရုံးကသိရပါတယ်။

အိမ်မဲမြို့နယ်၊ ကုလားကုန်းကျေးရွာမှာ ၂၀၁၇ ဖေဖော်ဝါရီ ၁၅ ရက်က ဖြစ်ပွားခဲ့တဲ့ ၂ နှစ် အရွယ် ကလေးငယ်တဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရတာနဲ့ ပတ်သတ်လို့ တရားခံ မိုးကျော်ကို လူကောင်းကျွန်းရဲစခန်းက ဖမ်းဆီးပြီး တရားစွဲခဲ့တာပါ။

မိုးကျော်က ကလေးငယ်ကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့တဲ့အတွက် မြောင်းမြခရိုင် တရားရုံးက တရားခံကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ သေဒဏ် ချမှတ်ခဲ့ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၆၈ (၁) အရ မသေမချင်းလည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

တရားရုံးတွေရဲ့ မှတ်တမ်းတွေအရ မုဒိမ်းကျင့်သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး သေဒဏ်တွေ ချမှတ်ခဲ့တာဟာ အခုမှမဟုတ်ဘဲ အရင်ကတည်းရှိခဲ့တာပါ။

ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) မှာလည်း ၇ နှစ်ထိထောင်ဒဏ်ချမှတ်ခြင်းခံထိုက်သော ပြစ်မှုကို ကျူးလွန်နေစဉ် လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သေဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ်။

သက်ငယ်မုဒိမ်းမှုတွေဟာ ဒီနှစ်ပိုင်းတွေမှာ ပိုမိုဖြစ်ပွားနေပြီး ရန်ကုန်တိုင်းဒေသကြီးပြီးရင် ဧရာဝတီတိုင်းဒေသကြီးဟာ သက်ငယ်မုဒိမ်းမှု အဖြစ်ပွားဆုံးဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နှစ်မှာတော့ တနိုင်ငံလုံး သက်ငယ်မုဒိမ်းမှု ၉၀၀ နီးပါး ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ တရက်ကို သက်ငယ်မုဒိမ်းမှု ၂ မှုလောက်နှုန်းနဲ့ ဖြစ်ပွားနေတာပါ။

အရပ်ဖက်အဖွဲ့အစည်းတွေကတော့ သက်ငယ်မုဒိမ်းမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ လက်ရှိတည်ဆဲဥပဒေမှာတော့ မုဒိမ်းမှုနဲ့ပတ်သက်ပြီး အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် အနှစ် ၂၀ သာချမှတ်နိုင်ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ကတော့ သက်ငယ်မုဒိမ်းမှုတွေ လျော့ကျအောင် ကျေးရွာတွေအထိ ကွင်းဆင်းပြီး အသိပညာပေးတာတွေ ကျောင်းတွေမှာ ဟောပြောတာတွေ ပြုလုပ်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013