DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေစာပုံပြိုကျ၊ ရေမဆေးကျောက်ရှာသမားများသေဆုံး
DVB
·
May 4, 2018
ဖားကန့်မြေစာပုံပြိုကျ၊ ရေမဆေးကျောက်ရှာသမားများသေဆုံး
Donate to DVB

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိတ်မူကျေးရွာအုပ်စု၊ ဝေခါရွာမှာ ဒီကနေ့ မနက် ၄နာရီကျော်လောက်က မိုင်းခွဲစွန့်ပစ် မြေစာပုံ မောက်တောင်ပြိုကျပြီး  ရေမဆေး ကျောက်တူးသမားတွေ မြေပိသေဆုံးသွားပါတယ်။

ဝေခါကျေးရွာရှိ ကျောက်မျက်ရွှေပြည်လုပ်ကွက်အမှတ် (၅၈)က မြေစာပုံဟာ ဆင်းရွှေဝါလုပ်ကွက်အမှတ် ( ၄၄၃ )ထဲကို ပြိုကျသွားတာဖြစ်ပြီး လက်ရှိ အချိန်ထိ  သေဆုံးသူ ၁၂ ဦးလောက်ရှိနေပြီလို့ အခင်းဖြစ်ရာနေရာကိုသွားရောက်ခဲ့တဲ့ သင်္ခါလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးခင်မောင်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့လူမှုကူညီရေးအဖွဲ့တော့ အဲဒီကို မနက် ၇ နာရီလောက်မှာ ရောက်သွားပါတယ်။ တခြားလူမှုကူညီရေးအဖွဲ့နဲ့ အုပ်ချုပ်ရေးပိုင်း အာဏာပိုင်တွေ၊  တာဝန်ရှိသူတွေလည်း အများကြီး ၀ိုင်းကူနေကြပါတယ်။ ဒီမနက် ၁၁ နာရီခွဲထိ တူးဖော်ရသလောက်ကတော့ ၁၁ယောက်က အသေ ရတယ်။ နောက်ထပ် ၂ ယောက်က တိုက်နယ်ဆေးရုံမှာ ၁ ယောက်သေတယ်။ ဖားကန့်ေ ဆးရုံမှာ ၁ ယောက်သေတယ်။ အရေးပေါ်လူနာက ၆ ယောက်။ အဲဒီထဲမှာ စိုးရိမ်ရတာက ၁ ယောက်ပါတယ်။ မန္တလေးဆေးရုံကို ပို့ရမယ်”

သေဆုံးဒဏ်ရာရသူအများစုက အသက် ၁၈ နှစ်နဲ့ ၂၇ နှစ်ကြား လူငယ်တွေဖြစ်ပြီး အသက် ၄၅ နှစ်ရွယ် လူကြီးတစ်ဦးသာ ပါဝင်ကြောင်း ၊ သူတို့ဟာ မြန်မာပြည်အနယ်နယ်အရပ်ရပ်ကနေ လာပြီး ရေမဆေးကျောက်ရှာနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။

တူးဖော်ကယ်ဆယ်ရေးကိုတော့ မွန်းလွဲပိုင်းမှာ ပြန်စဖို့ရှိပြီး  မြေအောက်မှာ ပိမိနေသူတွေ ဘယ်လောက်ကျန်သေးမသိရသေးဘဲ လူပျောက်စာရင်းလာတိုင်ထားတာကတော့ ၄ ယောက်ဘဲရှိသေးတယ်လို့သိရပါတယ်။

မြေပြိုရတာနဲ့ပတ်သက်ပြီး ဆိတ်မူအုပ်စု အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးရွှေသိန်းက“ ထွန်းေ တာက်ပကုမ္ပဏီလုပ်ကွက် မောက်တောင်ပြိုကျတာပေါ့နော်၊ မောက်တောင် ဆိုတာကတော့ မိုင်းတွေနဲ့ခွဲထားတဲ့ မြေတွေစုနေတာ၊ မြေသားခိုင်မာမှုမရှိတော့ ပြိုကျတာပေါ့၊ သူတို့က ကုမ္ပဏီ က ခွင့်ပြုတဲ့အချိန်အတွင်း ရေမဆေးကျောက်တွေတူးရတာလေ၊ ညခွင့်ပြုရင် ညမှတူးရတာပေါ့ ” လို့ ဒီဗွီဘီကိုပြောပါတယ်။

ဖားကန့်ဒေသမှာ အနယ်နယ်အရပ်ရပ်ကလာပြီး ရေမဆေးကျောက်ရှာသူတွေ ထောင်ေ သာင်းမကရှိနေပြီး  မြေစာပုံပြိုကျမှုအန္တရာယ်ကြောင့် လူသေဆုံးမှုတွေလည်း နှစ်စဉ်ရင်ဆိုင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013