DVB Logo
Home
မြန်မာသတင်း
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၃ ရက်ကြာ ကျင်းပမည်
DVB
·
May 4, 2018
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ၃ ရက်ကြာ ကျင်းပမည်
Donate to DVB

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မေ ၅ ရက်ကနေ ၇ ရက်အထိ မွန်ပြည်နယ် ရေးမြို့မှာ နေရာသုံးနေရာခွဲပြီးကျင်းပမယ်လို့ ဆွေးနွေးပွဲ ကျင်းပရေးကော်မတီထံမှ သိရပါတယ်။

ပြည်သူ့အားကစားရုံမှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားကို အစိုးရဘက်က ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့၊ ပြည်ထောင်ငြိမ်းချမ်းရေး ပူးတွဲကော်မတီ၊ အပစ်ခတ်ရပ်စပ်ရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် အပါဝင် အစိုးရတာဝန်ရှိသူတွေ တက်ရောက်မှာပါ။

မွန်ပြည်သစ်ပါတီဘက်ကတော့ ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်တဲ့ တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ မွန်အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ဖိတ်ကြားထားသူတွေက တက်ရောက်မယ်လို့ ကျင်းပရေးကော်မတီထံက သိရပါတယ်။

သုံးရက်ကြာဆွေးနွေးပွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ မြေယာနှင့် သယံဇာတ သဘာဝပတ်ဝန်းကျင်အရေး  အဓိကကဏ္ဍလေးခုကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

ပြည်သူ့အားကစားရုံမှာ နိုင်ငံရေးကဏ္ဍ ဆွေးနွေးမှာဖြစ်ပြီး   အ.ထ.က (၁) စာသင်ကျောင်းမှာတော့ စီးပွားရေး၊ လူမှုရေးကဏ္ဍ ဆွေးနွေးကြမှာဖြစ်သလို တပလ္လင်နှစ်ဆူ ဓမ္မာရုံမှာတော့  မြေယာနှင့်သယံဇာတသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကဏ္ဍ ဆွေးနွေးမှာပါ။

ကဏ္ဍအလိုက် ဆွေးနွေးမှုတွေကို မွန်ပြည်သစ်ပါတီက တာဝန်ရှိသူတွေ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာပါတီ၊ မွန်အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ပါဝင်သင့်ပါဝင်ထိုက်တဲ့ ဖိတ်ကြားထားသူ ကိုယ်စားလှယ် ၅၀၀ ဦးက ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013