DVB Logo
Home
မြန်မာသတင်း
ပြည်မြို့တွင် ထမင်းဆိုင်တဆိုင် မီးလောင် ပြာကျ
DVB
·
May 4, 2018
ပြည်မြို့တွင် ထမင်းဆိုင်တဆိုင် မီးလောင် ပြာကျ
Donate to DVB

ပဲခူးတိုင်း၊ ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ ကသည်းတန်းလမ်းက ထမင်းဆိုင်တဆိုင် ဒီနေ့မနက်အစောပိုင်းက မီးဖိုမီးကြွင်းမီးကျန်ကတဆင့် မီးလောင်ကျွမ်းခဲ့ပြီး ဘေးအိမ်တွေ ကူးစက်မှုမရှိဘဲ တဆိုင်လုံး မီးလောင်ပြာကျသွားခဲ့ပါတယ်။

မီးက မနက် ၂ နာရီခွဲလောက်မှာ စတင်လောင်ကျွမ်းခဲ့တာပါ။ ပေ (၃၀×၁၅) ပေ သွပ်မိုး၊ မြေစိုက်တဲတလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး သန္ဓေမီးသတ်ကား ၄ စီး၊ အရန်မီးသတ်ကား ၅ စီးတို့နဲ့ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ထမင်းဆိုင်ပိုင်ရှင် ဒေါ်ရီရီရှိန်ကို ပြည်မြို့မရဲစခန်းက ပြစ်မှုအမှတ် (ပ)၃၈၅/၂၀၁၈၊ပုဒ်မ(၂၈၅) နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013