DVB Logo
Home
မြန်မာသတင်း
တမူးခရိုင်တွင်းက အကျဉ်းကျခံနေရသူများ၏ ကလေးများကို စာရေးကရိယာများ လှူဒါန်း
DVB
·
May 4, 2018
တမူးခရိုင်တွင်းက အကျဉ်းကျခံနေရသူများ၏ ကလေးများကို စာရေးကရိယာများ လှူဒါန်း
Donate to DVB

တမူးခရိုင်ထဲမှာရှိတဲ့ ကျေးရွာတွေမှာ နေထိုင်ကြတဲ့ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျခံနေရသူတွေရဲ့ ကလေးငယ်တွေကို တမူးခရိုင် တိုင်းရင်းသားလူငယ်​များ ဖွံ့ဖြိုးတိုးတက်​​ရေးအသင်းက ကျောင်းသုံးစာရေးကရိယာတွေ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကျောင်းဖွင့်ရာသီ နီးကပ်လာပြီဖြစ်တဲ့အတွက် အကျဉ်းသား မိသားစုတွေထဲက ကလေးငယ်တွေကို ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ခဲတံ၊ စာအုပ် စတဲ့ ကျောင်းသုံးပစ္စည်းတွေနဲ့ ထောက်ပံ့ပစ္စည်း လှူဒါန်းခဲ့ပြီးပါပြီ။ အဲဒီလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ သူကိုယ်တိုင်လည်း အကျဉ်းသားဖြစ်ခဲ့ဖူးတဲ့အတွက် ကျန်နေတဲ့ မိသားစုရဲ့ အခက်အခဲကို ခံစားရလို့ အခုလို လှူဒါန်းဖြစ်တာလို့ အသင်းက တာဝန်ရှိသူ ဦးဟောခိုဆေးက ပြောပါတယ်။

တမူးမြို့နယ်ထဲက ရေနန်းရွာ၊ ချောင်းနက်ကြီးရွာ၊ နန်မွန်းတာရွာ၊ နောင်ကစ်ရွာသစ်၊ ကျွန်းပင်သရွာ၊ မြို့သစ်စေတီရွာတွေမှာ နေထိုင်ကြတဲ့ သူငယ်တန်းက ၁၀ တန်းအထိ ကျောင်းသား ကျောင်းသူ ၁၀၆ ဦးကို ပထမအကြိမ် လှူဒါန်းခဲ့ပြီးပြီလို့ သိရပါတယ်။

ဘယ်​သူမှ သတိမရတဲ့ အကျဉ်းသားမိသားစု​တွေကို အခုလို အိမ်​တိုင်​ရာ​ရောက် ​လာ​ရောက်​ ကူညီပံ့ပိုး​ပေးတဲ့အတွက်​ ​ပြောမပြတတ်​​အောင် ​ဝမ်းသာကြပါတယ်​လို့ အကျဉ်းသား မိသားစုဝင်ဖြစ်တဲ့ ဒေါ်နိန်ယာက ဒီဗွီဘီကို ပြောပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013