DVB Logo
Home
မြန်မာသတင်း
မြေပုံအိုင်ဒီပီဒုက္ခသည်စခန်းပိတ်သိမ်း၊ မိသားစုအချို့ပြောင်းရွှေ့နေထိုင်
DVB
·
May 4, 2018
မြေပုံအိုင်ဒီပီဒုက္ခသည်စခန်းပိတ်သိမ်း၊ မိသားစုအချို့ပြောင်းရွှေ့နေထိုင်
Donate to DVB

 

ရခိုင်ပြည်နယ်၊ မြေပုံမြို့အနီးတောင်ပေါ်က အိုင်ဒီပီ ဒုက္ခသည်စခန်းကို ပထမအဆင့်အနေနဲ့ ပိတ်သိမ်းနေပြီး မွတ်ဆလင် ဒုက္ခသည်တချို့ကိုလည်း အသစ်ဆောက်လုပ်ထားတဲ့ နေအိမ်တွေဆီကို စတင်ပြောင်းရွှေ့ပေးနေပါတယ်။

မြေပုံဒုက္ခသည်စခန်းရဲ့လက်ရှိအခြေအနေမှာတော့ နေအိမ်အလုံး(၅၀) ဆောက်ဆောက်လုပ်ပြီး စီးထားပြီး မူဆလင်ဒုက္ခသည်  မိသားစု ၅၀ ကျော် သွားရောက်နေထိုင်နေကြပြီဖြစ်ပါတယ်။

ဒုက္ခသည်စခန်းကို ချက်ချင်း ပိတ်သိမ်းတာမျိုးမလုပ်ဘဲ တဆင့်ပြီးတဆင့် ပိတ်သိမ်းဖို့လုပ်နေတာလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကပြောပါတယ်။

“ချက်ချင်းကြီးပိတ်တာနဲ့စာရင် ဒီလူတွေနဲ့ ညှိနှိုင်းရတယ်။ ပြီးတော့ ဒေသခံတွေနဲ့ ညှိနှိုင်းရတယ်။ ဆွေးနွေးရတယ်။ အဲ့ဒါတွေကိုတဆင့်ပြီးတဆင့် လုပ်လာတဲ့အခါမှာတော့ သူတို့ရဲ့သဘောတူညီချက်နဲ့ ဒါကိုပိတ်ဖို့ ဖြစ်လာတယ်။ အားလုံးတပြိုင်တည်းဖျက်၊ တပြိုင်တည်း ဆောက်ဆိုတာထက်စာရင်ပေါ့နော်။ အခုဆိုရင်အိမ်အလုံး (၅၀)ဆောက်လုပ်ပြီးတော့ အဲ့ဒီဒုက္ခသည်စခန်းတွေမှာရှိတဲ့ မိသားစု ၅၀ ကိုရွှေ့တယ်။ နောက်အိမ်အလုံး (၅၀)ထပ်ဆောက်မယ်။ မိသားစု ၅၀ ထပ်ရွှေ့မယ်”လို့ပြောပါတယ်။

ဒုက္ခသည်တွေအတွက် နေအိမ်တွေအပြင် ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို လည်းဆောက်လုပ်ဖို့ ပြင်ထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။

“စခန်းကိုပိတ်သိမ်းတယ်ဆိုတာက အဆောက်အဦတွေ ဆောက်လုပ်တာနဲ့မပြီးဘူး။ သူတို့ရဲ့အခြေခံလို အပ်ချက်တွေဖြစ်ကြတဲ့ စားဝတ်နေရေးတွေပါလာမယ်။ နောက်တခါ ပညာရေး၊ ကျန်းမာရေးတွေပါလာမယ်။ အဲ့ဒါတွေအတွက် ကျနော်တို့က စီစဉ်ထားတာရှိတယ်။ သူတို့ရဲ့အလုပ်အကိုင်တွေ တကယ်အဆင်ပြေလာဖို့စတဲ့ အချက်တွေ ထည့်သွင်းစဉ်းစားပြီး လုပ်တာဖြစ်ပါတယ်” ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကပြောပါတယ်။

အခုလို ဒုက္ခသည်စခန်းကိုပိတ်ပြီး နေအိမ်​သစ်တွေဆောက်ပေးတဲ့နေတာကို မွတ်ဆလင်ဒုက္ခသည်တချို့က လက်ခံတာရှိသလို့ လက်မခံသူတွေလည်းရှိနေကြပါတယ်။ ဒါအပြင် အိုင်ဒီပီ ဒုက္ခသည်စခန်းကို ပိတ်သိမ်းတဲ့အတွက်  စားနပ်ရိက္ခာတွေ ပြတ်တောက်သွားမှာကို မူဆလင်ဒုက္ခသည်တချို့က စိုးရိမ်နေကြတာလည်းရှိပါတယ်။

နေအိမ်အသစ်ကိုရောက်ရှိလာတဲ့ မူဆလင်ဒုက္ခသည် ဦးမူလာလီက “အဆင်တော့ပြေတယ်။ ဒါပေမယ့် ဒီမှာက ဘာမှအလုပ်အကိုင်မရှိဘူး။ ဒီမှာက မိုးရာသီဆိုရင်လည်းရေကတက်တယ်။ ကလေးတွေ ဘယ်လိုနေထိုင်မလဲ။ ဟိုဒုက္ခသည်စခန်းမှာနေရာတာထက်တော့ ဒီမှာက ကောင်းတယ်။ တခုရှိတာက ဒီမှာရေတက်တာတော့ရှိတယ်။ ဒါလေးတခုလုပ်ပေးရင်ကောင်းမယ်။”လို့ပြောပါတယ်။

မြေပုံဒုက္ခသည်စခန်းမှာ အိမ်ထောင်စု (၆၄၂) ရှိပြီး လူဦးရေ (၃၀၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013