DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်စာရင်းတွင် ပါဝင်လာသည့် သရုပ်ဆောင်ခိုင်နှင်းဝေ
DVB
·
May 3, 2018
ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်စာရင်းတွင် ပါဝင်လာသည့် သရုပ်ဆောင်ခိုင်နှင်းဝေ
1 / 4
Donate to DVB

 

အမေရိကန်ပြည်ထောင်စုနဲ့ နိုင်ငံတကာကို ရောက်ရှိနေကြတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားတွေ စုပေါင်းရွေးချယ် ချီးမြှင့်ပေးမယ့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်များစာရင်းထဲမှာ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေ ပါဝင်နေပါတယ်။

နဝမအကြိမ်မြောက် ရွေးချယ်ချီးမြှင့်ပေးမယ့်  ပြည်သူ့ဂုဏ်ရည်ဆုကြော်ငြာမယ့် အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ အော်ဘန်နီမြို့မှာ  မေ ၂၆ ရက် ကျင်းပပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ရေးစာရင်းမှာပါဝင်နေတဲ့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက “ပြည်သူ့ဂုဏ်ရည်ဆုအတွက် ကျမကို ဝန်းရံပေးကြတဲ့ ချစ်သူငယ်ချင်းများ၊ ပရိသတ် များ အားလုံးကို အရမ်းချစ်ပြီး၊ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီဆုလေး ရခြင်းမရခြင်းထက် ကျမအတွက် အခုလိုဝန်းရံပေးကြတာမြင်တာနဲ့တင် အတိုင်းမသိ ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ကျမ ပရဟိတ အလုပ်တွေကိုလည်း အသက်ထက်ဆုံး အကောင်းဆုံးကြိုးစားလုပ်ကိုင်သွားပါမယ်” လို့ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာထက်မှာ ရေးသားအသိပေးပြောပြထားတာ ဖြစ်ပါတယ်။

ဒီပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်နိုင်ဖို့အတွက် မြန်မာနိုင်ငံရဲ့ နယ်ပယ်ဒေသအသီးသီးမှ အများ အကျိုးပြုလုပ်ငန်းတွေကို ကိုယ်ကျိုးမဖက်ဘဲ လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း အသင်းအဖွဲ့တွေထဲမှ ပုဂ္ဂိုလ် ၃၃ ဦးကို ရွေးချယ်ထားကာ၊ အဲဒီ ၃၃ ဦးစာရင်းထဲမှာ သရုပ်ဆောင်ခိုင်နှင်းဝေက ပါဝင်နေတာဖြစ်ပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေအနေနဲ့ ၂၀၁၄ ခုနှစ်က ရေဘေးသင့်ပြည်သူတွေကို လိုအပ်တဲ့ နေရာတွေမှာ ကူညီပေးတဲ့အပြင်၊ ကလေးငယ်တွေနဲ့ပတ်သက်တဲ့ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်လာတဲ့အတွက်ကြောင့် ကလေးသူငယ်တွေ လူကုန်ကူးမှုတားဆီးရေး အထူးသံတမန် အဖြစ် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ခန့်အပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013