အစိုးရအကူးအပြောင်းကာလကချပေးခဲ့သည့် ကျေးရွာလမ်းအချို့အချိန်တိုအတွင်း ပျက်စီးနေ
DVB
·
May 3, 2018

1 / 5
အစိုးရအကူးအပြောင်းကာလအတွင်း လုပ်ကိုင်ခွင့် ချထားပေးခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ထန်းဇင်နဲ့ မြို့သာ ခရိုင်ချင်းဆက်ကျေးလက်လမ်းတွေက ၂ နှစ်အတွင်း ပျက်စီးမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေကျော်လမ်းနေရာတွေ၊ တံတားထိုးထားတဲ့နေရာတွေ၊ ခင်းထားတဲ့ ကတ္တရာလမ်းတွေက သတ်မှတ်ချက်နဲ့ ကိုက်ညီမူတွေမရှိတာကြောင့် ကာလတိုအတွင်း ပျက်စီးတာလို့ပြောပါတယ်။
မိုးရာသီမှာ သွားလာရခက်ခဲတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံးစစ်ဆေးပြီး ပြုပြင်ဆောင်ရွက်ပေးစေချင်တယ်လို့ ဒေသခံတွေက ဆိုပါတယ် ။
အိမ်ခိုင်မြဲ











