DVB Logo
Home
မြန်မာသတင်း
အမျိုးသားသတင်းအမျိုးအစား ၅ မျိုးပေးအပ်ချီးမြှင့်
DVB
·
May 3, 2018
အမျိုးသားသတင်းအမျိုးအစား ၅ မျိုးပေးအပ်ချီးမြှင့်
Donate to DVB

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ ၆ ကြိမ်မြောက် အမျိုးသားသတင်းဆုပေးပွဲမှာ အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ သတင်းသူရဲကောင်းဆုနဲ့ အကောင်းဆုံးသတင်းဆုတွေကလွဲပြီး ကျန်တဲ့ ဆု ၅မျိုးကို ချီးမြှင့်လိုက်ပါတယ်။

သတင်းသူရဲကောင်းဆုချီးမြှင့်လိုက်တာကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တဲ့အတွက် ဆုချီးမြှင့်ဖို့ ပယ်ချခဲ့ရတယ်လို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးမြတ်ခိုင်က ဒီကနေ့ ရန်ကုန်မြို့ SKY Star Hotet မှာကျင်းပတဲ့ ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ  ပြောပါတယ်။

အမျိုးသားသတင်းဆုအနေနဲ့လည်းဝင်ပြိုင်သူနည်းပါးပြီး ယှဉ်ပြိုင်တဲ့ သတင်းတွေထဲ ကနေ ဆုရွေးချယ်ရေးအဖွဲ့က အကြိုက်မတွေ့တဲ့အတွက် ဆုမပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်အတွက် အကောင်းဆုံး သတင်းရုပ်သံဆုကိုတော့ ဒီဗွီဘီသတင်းဌာနရဲ့  Close-Up အစီအစဉ်ကနေ ‘ကျောက်စိမ်းမြေမှ ပဋိပက္ခ’ရုပ်သံနဲ့ ရရှိခဲ့ပြီး  ဒီဗွီဘီသတင်းဌာနအနေနဲ့ ၂ နှစ်ဆက်တိုက် ဒီဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံးသတင်းဆောင်းပါးဆုအတွက် The Voice က ခင်မြတ်မြတ်ဝေနဲ့ ကမ္ဘောဇတိုင်းကမင်းဇော်မင်းတို့က ပူးတွဲရရှိခဲ့ပါတယ်။ အကောင်းဆုံးကာတွန်းဆုကိုတော့ ကာတွန်းငွေကြည်က ရရှိခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံး သတင်းဓာတ်ပုံဆုကိုတော့ Elevenက ကြည်နိုင်ကရရှိပြီး အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုကိုတော့ သံလွင်သွေးချင်းဂျာနယ်က ရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013