DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၉ သောင်းကျော် ပြန်ဆပ်ရန်ကျန်ရှိနေ
DVB
·
May 3, 2018
စစ်ကိုင်းတိုင်းအတွင်း စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ၉ သောင်းကျော် ပြန်ဆပ်ရန်ကျန်ရှိနေ
Donate to DVB

 

၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ မိုးစပါးအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်းပေါင်း ၂၁၇၀၅၇.၂၅ သန်းကို စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲပေါင်း ၃၃ ဘဏ်ကနေ တောင်သူတွေကို ၂၀၁၇ ခုနှစ် မေလနဲ့ စက်တင်ဘာလတွေမှာ ထုတ်ချေးပေးခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ပြန်ဆပ်ချိန်ကို ၂၀၁၈ ဧပြီလအတွင်း အပြီးပြန်ဆပ်ဖို့ ညွှန်ကြားထား ပေမယ့် ကျပ်သန်းပေါင်း ၁၂၄၁၄၉.၁၀ ကျပ်သန်းသာပြန်ရသေးပြီး ကျပ်သန်းပေါင်း ၉၂၉၀၈.၁၅ သန်း ကျန်ရှိနေသေးတာပါ။ ပြန်ဆပ်တဲ့ ရာခိုင်နှုန်းအနေနဲ့ ၅၇.၁၉% သာရှိနေသေးတာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လ/ထ မန်နေဂျာ ဦးစိုးလွင်က "လတ်တလော အများဆုံးကျန်တာနဲ့ တောင်သူအမှန်ကျန်တွေကတော့ ဥပဒေပိုင်းအရ တရားစွဲတာတွေရှိပါတယ်။ အချို့နေရာမှာ ငွေကြေးအရှုပ်အရှင်းမှာ အလွဲသုံးစားတွေလည်း ရှိတယ်။ ဖော်ထုတ်ပြီး ဘယ်သူ့မှာ တာဝန်ရှိ သလဲ ဝန်ထမ်းမှာ ရှိသလား၊ ဒါမှမဟုတ် ကျေးရွာတာဝန်ရှိသူတွေမှာပဲရှိသလား ဒါမှမဟုတ် တောင်သူက မဆပ်ဘဲနေတာလား စသဖြင့် ဖော်ထုတ်ပြီး အရေးယူနေတာရှိပါတယ်။"လို့ ပြောပါတယ်။

၂၀၁၇ ခုနှစ် မိုးသီးနှံအတွက် မုံရွာ၊ ဆားလင်းကြီး၊ ကလေးဝ၊ ဟုမ္မလင်း၊ ခန္တီး၊ စစ်ကိုင်း၊ မြောင်၊ တန့်ဆည် စတဲ့ ၈ မြို့နယ်ကလွဲရင်ကျန်တဲ့မြို့နယ်တွေက ပြန်ဆပ်ဖို့ ကျန်နေသေး တာဖြစ်ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်မီပြန်ဆပ်ချင်ပေမယ့် ရာသီဥတုဖောက်ပြန်မှု၊ သီးနှံအထွက်နှုန်းလျော့ကျမှု၊ စိုက်ပျိုးစရိတ်မြင့်မားမှု၊ သီးနှံဈေးလျော့နည်းမှု စတဲ့ အခြေအနေတွေ ကြောင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို သတ်မှတ်ချိန်အမီပြန်ဆပ်ဖို့ ခက်ခဲရတာဖြစ်တယ်လို့ တောင်သူတွေကတော့ ပြောပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကနေ မိုးကြို၊ မိုး၊ ဆောင်း ဆိုပြီး ၃ မျိုးထုတ်ချေးပေးနေတာဖြစ်ပြီး လယ်၁ဧကကို ၁သိန်းကျပ်၊ ယာ ၁ဧကကို ၅ သောင်းကျပ်စီထုတ်ချေးနေတာလည်းဖြစ်ပါတယ်။

ချေးငွေလုံလောက်စွာရရှိစေရေး၊ ချေးငွေအချိန်မီရရှိစေရေး၊ ချေးငွေအပြည့်အဝ ပြန်လည် ကောက်ခံရရှိရေး၊ ငွေစုဆောင်းခြင်းဖြင့် လယ်သမားအတွက် အရင်းအနှီးရရှိစေရေး၊ ကြွေးမြီ ကင်းရှင်းတဲ့ လယ်သမားဘဝထူထောင်နိုင်ရေးနဲ့ ဘဏ်က ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်နိုင်ရေး စတဲ့ ရည်မှန်းချက် ၆ ရပ်နဲ့ နှစ်စဉ် ချေးငွေတွေကို ထုတ်ချေးပေးနေတာဖြစ်ပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနဲ့ တောင်သူတွေကို ချေးငွေထုတ်ချေးရာမှာ ဝိုင်းကြီး ချုပ်စနစ်နဲ့ ထုတ်ချေးပေးနေတဲ့စနစ်နဲ့ပတ်သက်ပြီး တောင်သူတွေကတော့ နစ်နာမှုတွေ ရှိတယ်ဆိုပြီး ကန့်ကွက်တာတွေလည်းရှိပါတယ်။

တိုင်းဒေသကြီးလွှတ်တော်မှာလည်း အဲဒီကိစ္စကို မေးခွန်းမေးမြန်းခဲ့တာတွေလည်း ရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြန်ဆပ်ရန်ကျန်ရှိနေသေးတဲ့ ကြွေးတွေနဲ့ပတ်သက်ပြီး အမြန်ဆုံးပြန်လည်ရရှိအောင် ဥပဒေနဲ့ အညီ ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013