DVB Logo
Home
မြန်မာသတင်း
နွား ၃၃ ကောင် တရားမဝင် တင်လာသည့် ကားတစီးဖမ်းမိ
DVB
·
May 3, 2018
နွား ၃၃ ကောင် တရားမဝင် တင်လာသည့် ကားတစီးဖမ်းမိ
Donate to DVB

ပြည်မြို့ ပြည်-အောင်လံ ကားလမ်းမပေါ် တီတွတ်ကျေးရွာအနီးမှာ မေလ ၂ ရက်ညပိုင်းက ကားနဲ့ တင်ဆောင်လာတဲ့ အထောက်အထားမဲ့ နွား ၃၃ ကောင်ကို ပြည်အမှတ်(၃) ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။

အမှန်(၃) စခန်းမှူးက “သတင်းပေးတိုင်ကြားလို့ တိရစ္ဆာန်နှင့် မွေးမြူရေး ဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူး အဖွဲ့ဝင်တွေနဲ့ လှည့်ကင်းအဖွဲ့ဝင်တွေက စောင့်ဖမ်းလိုက်တာပါ။ ယာဉ်ကတော့ အာမခံပေးဖို့အတွက်  ကညနကို အခုမနက်ပဲ ယာဉ်စစ်ဆေးဖို့ လွှတ်လိုက်ပါပြီ။ နွားတွေကတော့ အခုစခန်းမှာပဲ ဆက်လက်ထိန်းသိမ်းထားရတာ။ နေရာမရှိတော့ ဒုက္ခများတယ်။ အခုလည်းအပြင်မှာပဲ ထားရတာ။ အမိုးအကာမရှိတော့ မိုးရွာရင် နွားတွေမလွယ်ဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးမိတဲ့ကားက ၁၂ ဘီးကားအမျိုးအစားဖြစ်ပြီး ဘေးအကာတွေကို အမြင့်ကြီးလုပ်ထားတဲ့အတွက်  ဘေးကလှမ်းကြည့်ရင် အထဲကိုမမြင်ရအောင်၊ နွားတင်ဖို့ အထူးပြုလုပ်ထားတဲ့ ကားဖြစ်ပါတယ်။

ယာဉ်မောင်းနဲ့အတူ လူ ၂ ယောက်အပိုပါလာပြီး စုစုပေါင်း ၃ ယောက်ကို (ပ) ၁၆၈/၁၈ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅) နဲ့ အမှုဖွင့် အရေးယူနေတယ်လို့ အမှုစစ်အရာရှိ ရဲအုပ်ဇော်မင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013