DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံပြင်ဆင်ရေး လူငယ်များစဉ်းစားလုပ်ဆောင်ရန် လူကယ်ပြန်ဝန်ကြီးပြော
DVB
·
May 3, 2018
ဖွဲ့စည်းပုံပြင်ဆင်ရေး လူငယ်များစဉ်းစားလုပ်ဆောင်ရန် လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

 

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ လူငယ်တွေအနေနဲ့ စဉ်းစားဆောင်ရွက်သွားဖို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းပြောကြားလိုက်ပါတယ်။

မေ ၃ ရက်နေ့မှာ ပြုလုပ်တဲ့ လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ရေးဆွဲရေး ဒုတိယအကြိမ်အစည်းဝေးမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆို ခဲ့တာပါ။

“လူငယ်များအနေနဲ့ စည်းလုံးညီညွတ်စွာ အတူပူးပေါင်းဆောင်ရွက်ရန်၊ ဌာနအသီးသီးရဲ့ ဆောင်ရွက်ဆဲလုပ်ငန်းတွေမှာ လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန်၊ မတူကွဲပြားခြားနားမှုများကို အတတ်နိုင်ဆုံးညှိနှိုင်းပြီး လူငယ်ရေးရာ မူဝါဒ ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ရေးဆွဲကြပြီး လက်တွေ့အကောင်အထည်ဖော်ရန်နှင့် နိုင်ငံတော်သမ္မတမိန့်ခွန်းတွင် ပါဝင်သည့် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်”

ဒီအစည်းဝေးကိုတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်ကိုယ်စားလှယ် ၅၀ ဦးလောက် ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013