DVB Logo
Home
မြန်မာသတင်း
အိချောပိုတို့ ပါဝင်သည့် အချစ်ရူးကြီးရူးတော့သည်ရုပ်ရှင် ဇာတ်ဝင်ခန်းပုံရိပ်များ
DVB
·
May 3, 2018
အိချောပိုတို့ ပါဝင်သည့် အချစ်ရူးကြီးရူးတော့သည်ရုပ်ရှင် ဇာတ်ဝင်ခန်းပုံရိပ်များ
1 / 10
Donate to DVB

နာမည်ကြီး စာရေးဆရာမင်းလူရဲ့ အချစ်ရူးကြီးရူးတော့သည် ၀တ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးပုံဖော်နေပြီး ဒီကားထဲမှာ သရုပ်ဆောင်မင်းသမီး အိချောပိုက ပါဝင်သရုပ်ဆောင်နေပါတယ်။

ရိုက်ကွင်းပေါ်မှ ဇာတ်ဝင်ခန်းပုံရိပ်တွေကိုတော့ အိချောပိုက သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မေလ ၂ ရက်နေ့မှာ မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ဇာတ်ညွှန်းခွဲရိုက်ကူးခဲ့တာဖြစ်ကာ မင်းသား မင်းမော်ကွန်း၊ ခန့်စည်သူနဲ့ မင်းသမီးခိုင်သင်းကြည်တို့လည်း ပါဝင်ထားကြပါတယ်။

Memoirs Film Production က ပွဲဦးထွက် စီစဉ်ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကားကြီးရဲ့ ကန်တော့ပွဲပေးတဲ့ ပထမနေ့ပုံရိပ်တွေကိုတော့ ခန့်စည်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်ကတဆင့် “ဒီနေ့စရူးပါပြီ”လို့ ရေးပြီး မျှဝေထားခဲ့ပါသေးတယ်။

အိချောပိုကတော့ ဇာတ်ဝင်ခန်းထဲမှ ဓာတ်ပုံစုစုပေါင်း ၁၈ ပုံကို မျှဝေထားခဲ့တာ ဖြစ်ပြီး “ဒီကားလေးထဲမှာ “နီနီရောင်”အဖြစ် သရုပ်ဆောင်နေပါတယ်”လို့ ရေးထားတာကို တွေ့ရပါတယ်။
ဓာတ်ပုံ - အိချောပို ဖေ့ဘွတ်ခ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013