DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် ရွှေ့ပြောင်းမိသားစုများအတွက် အခမဲ့ အခြေခံစက်ပြင်သင်တန်း ဖွင့်လှစ်
DVB
·
May 3, 2018
မော်လမြိုင်တွင် ရွှေ့ပြောင်းမိသားစုများအတွက် အခမဲ့ အခြေခံစက်ပြင်သင်တန်း ဖွင့်လှစ်
Donate to DVB

ရွှေ့ပြောင်းမိသားစုတွေအတွက် အခြေခံစက်ပြင် အသက်မွေးပညာ သင်တန်းကို မွန်အမျိုးသမီးမဟာမိတ်အဖွဲ့နဲ့ အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး မော်လမြိုင်မြို့ ကြာအင်းရပ်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ မတ် ၂ ရက်က စလို့ ဖွင့်လှစ်ပေးနေပါတယ်။

သင်တန်းကို မွန်ပြည်နယ် ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ကျိုက်မရော၊ ချောင်းဆုံ၊ ကျိုက်ထို၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ ကော့ကရိတ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တို့က သင်တန်းသား သင်တန်းသူ ၂၀ ဦး တက်ရောက်နေတာပါ။

သင်တန်းညှိနှိုင်းရေးးမှူး မိနွန်ဒါက “ရွှေ့ပြောင်းမိသားစုဝင်တွေကို အတတ်ပညာနဲ့ ဗဟုသုတရရှိစေဖို့၊ လွှဲပို့ငွေကနေပြီးတော့ အရင်းအနှီးလုပ်ပြီး အတတ်ပညာနဲ့ပေါင်းစပ်ပြီးတော့ အသေးစားစီးပွားရေးလုပ်ငန်း စတင်နိုင်စေဖို့ပါ၊ အလုပ်အကိုင် အခွင့်အလမ်းရရှိစေဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ” လို့ ပြောပါတယ်။

တလကြာမြင့်မယ့် အဲဒီသင်တန်းမှာ ဒီဇယ်နဲ့ ဓာတ်ဆီအင်ဂျင်တခုလုံးအား အစ အဆုံး ပြုပြင်ဖြုတ်တပ်ခြင်း၊ စစ်ဆေးလဲလှယ်ခြင်း အပါအဝင် မော်တော်ဆိုင်ကယ် အခြေခံပြုပြင်ခြင်းတို့ကို သင်ထောက်ကူပစ္စည်း အပြည့်အစုံနဲ့ သင်ကြားပေးသွားမှာပါ။

သင်တန်းတက်ရောက်ပြီးပါက ဒေသတွင်း ကိုယ်ပိုင်လုပ်ငန်း ဖွင့်လှစ်နိုင်ဖို့အတွက် စက်ပစ္စည်း ထောက်ပံ့ပေးမှု အပါအဝင် လုပ်ငန်းရှင်တွေနဲ့ပါ ကူညီချိတ်ဆက်ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့လည်း သင်တန်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

သင်တန်းပြီးပါက လာမယ့် ဇွန်လမှာ ထပ်မံဖွင့်လှစ်ပေးသွားဖို့ရှိနေပါတယ်။ ဒီသင်တန်းကို နည်းပညာအသက်မွေးဝမ်းကျောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ရဲ့ ကူညီပံ့ပိုးမှု၊ ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းရဲ့ နည်းပညာကူညီမှုနဲ့ မွန်အမျိုး သမီးမဟာမိတ်အဖွဲ့၊ အစိုးရနည်းပညာအထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်တာလည်း ဖြစ်ပါတယ်။

သတင်း - ဝင်းနိုင်သက်၊ ဓာတ်ပုံ-NE

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013