DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပွဲ ရပ်တန့်ရန် အောင်လအန်ဆန်တောင်းဆို
DVB
·
May 3, 2018
ကချင်စစ်ပွဲ ရပ်တန့်ရန် အောင်လအန်ဆန်တောင်းဆို
Donate to DVB

 

ဘက်စုံကိုယ်ခံပညာသုံးတိုက်ခိုက်ပြိုင်ပွဲ One Championship ချန်ပီယံ အောင်လအန်ဆန်က ကချင်ဒေသမှာ စစ်ပွဲတွေရပ်တန့်အောင်ကြိုးပမ်းပေးဖို့ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

သူ့ ဖေ့စ်ဘွတ်ခတ်ကနေ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ရေးသား တောင်းဆိုလိုက်တာဖြစ်ပြီး သူ့ သားလေးမွေးနေ့မှာ ကချင်စစ်ပွဲတွေကြောင့် မပျော်နိုင်ဖြစ်နေရတယ်လို့ လည်း ရေးထားပါတယ်။

“ကျနော့်ရဲ့ ဇာတိ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့စစ်ပွဲ နောက်ဆက်တွဲသတင်းတွေ တွေ့ရတဲ့နောက်မှာ တော်တော်လေးဝမ်းနည်းရပါတယ်။ တကယ်တော့ဒီနေ့က ကျနော့်သားလေး အောင်ဒီးရဲ့မွေးနေ့ဖြစ်ပေမယ့် ကျနော့်သားလေးမွေးနေ့အတွက် အပြည့်အဝ မပျော်နိုင်ဘူး။ ဘာကြောင့်လဲဆို ကျနော့်သားနဲ့ သက်တူရွယ်တူ ကလေးတချို့က ဒီအချိန်မှာ စစ်ဘေးကြုံနေ ရတာကြောင့် ဖြစ်ပါတယ်။ တကယ်လို့များ ကျနော့်သားလေးသာ ဒီအခြေအနေမျိုး ကြုံနေရတဲ့ အခြေအနေမှာရှိနေရင် ဖခင်တယောက်အနေနဲ့ ကျနော့်အင်အား ရှိသလောက် ဒီဖြစ်ရပ်တွေ ရပ်တန့်ဖို့ ကြိုးစားဖြစ်ပါလိမ့်မယ်။ တောင်းဆိုချင်တာတစ်ခုက ခေါင်းဆောင်ကောင်းများ တာဝန်ရှိ သူများခင်ဗျာ။ ဒီစစ်ပွဲတွေရပ်တန့်သွားဖို့ ဘယ်နည်းလမ်းနဲ့ဆို ကြိုးပမ်းပေးကြပါ။ စစ်ပွဲဆိုတာ အဖြေ မဟုတ်ပါဘူး။ ဒီစစ်ပွဲတွေက ကျနော်တို့ အနာဂတ်တွေကို ထိခိုက်နာကျင်စေမယ့် အရာသက်သက်သာ ဖြစ်ပါတယ်။”

အောင်လအန်ဆန်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်က မြန်မာနိုင်ငံမှာ ကျင်းပတဲ့ One Championship လိုက်ဟဲဗီးဝိတ်တန်းပြိုင်ပွဲမှာလည်း ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုကို ပထမအချီမှာတင် ခြေကန်ချက်အပြင်းနဲ့ အလဲထိုးအနိုင်ယူခဲ့သလို ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ကျင်းပတဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာလည်း ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ်ဆုကို ရရှိထားတာမို့ ကမ္ဘာ့ချန်ပီယံဆု ၂ ဆုရ ရှိထားသူ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ မနေ့ကလည်း ကချင်ပြည်နယ်က စစ်ရှောင်စခန်းတွေက ဒုက္ခသည်တွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013