DVB Logo
Home
မြန်မာသတင်း

မြန်မာပိုင်နက်ထဲ တရားမဝင်လာရောက်စိုက်ထူသည့် အိန္ဒိယနယ်ခြားမှတ်တိုင်ပြန်နုတ်ယူ

DVB
·
May 3, 2018
မြန်မာပိုင်နက်ထဲ တရားမဝင်လာရောက်စိုက်ထူသည့် အိန္ဒိယနယ်ခြားမှတ်တိုင်ပြန်နုတ်ယူ
1 / 4
Donate to DVB

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ဆရာစံကျေးရွာနဲ့ကပ်လျက်ရှိတဲ့ အိန္ဒိယနိုင်ငံပိုင် ဆာတန်း ရွာက လူအယောက် ၂၀လောက်ဟာ မေလ ၁ ရက်နေ့က မြန်မာပိုင်နယ်မြေထဲကို ကားလေးစီးနဲ့ ဝင်ရောက်လာပြီး အိန္ဒိယနယ်ခြားမှတ်တိုင် တရားမ၀င် လာရောက်စိုက်ထူခဲ့ပါတယ်။

အဲဒီလို တရားမဝင်နယ်စပ်မှတ်တိုင်စိုက်ထူတာကို ဒေသခံတချို့က လူမှုကွန်ရက်မှာ တင်ကာ သတိပေးခဲ့ပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ တပ်မတော် နယ်မြေခံတပ်ရင်း တာဝန်ရှိသူတွေကလည်း သွားရောက်စစ်ဆေးကာ အိန္ဒိယနိုင်ငံဘက်နဲ့ ညှိနှိုင်းဖြေရှင်းခဲ့ပါတယ်။

အဲဒါကြောင့် အိန္ဒိယဘက်က တာဝန်ရှိသူတွေနဲ့ ဆာတန်းကျေးရွာ ဥက္ကဋ္ဌတို့ လာရောက်ပြီး မှတ်တိုင်ကို ပြန်နုတ်ယူသွားခဲ့တယ်လို့  ဆရာစံကျေးရွာ တာဝန်ခံ ဦးနိုင်နိုင်ကပြောပါတယ်။

“သူတို့အာဏာပိုင်အနေနဲ့ ဒီကိစ္စကို  မသိပါဘူး။ နောက် ဒီလိုမဖြစ်အောင် သူတို့ တားမြစ်ပါမယ်လို့ ပြောပြီး မှတ်တိုင်ကို သိမ်းသွားတယ်”

တမူးမြို့နယ်၊ ဆရာစံရွာနဲ့ အိန္ဒိယနိုင်ငံက ဆာတန်ကျေးရွာတို့ဟာ နယ်နိမိတ်ချင်း တဆက်တည်း တည်ရှိနေပြီး ယာမြေတွေ စိုက်ပျိုးမှုနဲ့ နေအိမ်ဆောက်လုပ်မှုတွေမှာ ဒေသခံ ရွာသားချင်း မကြာခဏ အငြင်းပွားရလေ့ ရှိပါတယ်။

၂၀၁၅ ခုနှစ်ကလည်း အဲဒီရွာ နှစ်ရွာကြားမှာ နယ်မြေ အငြင်းပွားမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း - ဂေါင်ဂေါင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013