DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးဝါးမှုဖြင့် မြန်မာ ၂ ဦးကို တရုတ်နိုင်ငံ တရားရုံးက သေဒဏ်အမိန့်ချမှတ်
DVB
·
May 3, 2018
မူးယစ်ဆေးဝါးမှုဖြင့် မြန်မာ ၂ ဦးကို တရုတ်နိုင်ငံ တရားရုံးက သေဒဏ်အမိန့်ချမှတ်
Donate to DVB

 

မူးယစ်ဆေးဝါးမှု၊ တရုတ်ရဲတပ်ဖွဲ့ဝင် ၁ ဦးကို ပစ်သတ်မှု ကျူးလွန်ခဲ့တဲ့  မြန်မာနိုင်ငံသား ၂ ဦးကို တရုတ်နိုင်ငံ၊ ယူနယ်ပြည်နယ်ရှိ တရားရုံးတရုံးက မေလ ၂ ရက်နေ့က  သေဒဏ်အမိန့် စီရင်ချက် ချမှတ်လိုက်တယ်လို့ တရုတ် ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

တရားခံတဦးဟာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က ဆစ်ဆောင်ပနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမှာ ရဲတပ်ဖွဲဝင်တဦးကို ပစ်သတ်မှု ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးကို ကိုးကားပြီး သတင်းမှာ ရေးပါတယ်။

နောက်ထပ်တရားခံတဦးကတော့ သူ့ရဲ့ ကြံရာပါနှစ်ဦးနဲ့အတူ မြန်မာနိုင်ငံဘက်ကို ထွက်ပြေး လွတ်မြောက်သွားခဲ့ပြီးမှ ဖမ်းဆီးခံခဲ့ရကာ တရုတ်ရဲတပ်ဖွဲ့ထံ လက်လုပ် သေနတ်တလက် ကျည်ဆန် ၁၁ တောင့်နဲ့အတူ ၂၀၁၆ နိုဝင်ဘာ ၆ ရက်မှာ မြန်မာဘက်ကနေ ပြန်လွှဲပေးခဲ့တာလို့ ဆိုပါတယ်။

အဆိုပါတရားခံရဲ့ အပေါင်းအဖော်ကြံရာပါ နှစ်ဦးကိုတော့ ထောင်ဒဏ် တသက်နဲ့ ထောင်ဒဏ် ၁၅ နှစ်စီ အသီးသီးပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဖမ်းဆီးမှုဖြစ်စဉ်မှာ ဆစ်ဆောင်ပနားရဲတပ်ဖွဲ့က မက်သာအက်ဖက်တမင်းနဲ့ အိုက်စ် စိတ်ကြွမူးယစ်ဆေးဝါး ၁၇ ဒသမ ၂ ကီလိုဂရမ်၊ လက်လုပ်သေနတ် ၁ လက်နဲ့ ကျည်ဆန် ၉ တောင့်ကိုလည်း ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး တရားခံ ၄ ယောက်အနေနဲ့ တရားရုံးမှာ အယူခံဝင်ထားတယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013