DVB Logo
Home
မြန်မာသတင်း
မြန်မာ ပထမဆုံး​ ​လေ့​လာ​ရေး​ဂြိုဟ်တု လွှတ်တင်ရန် ကြိုး​ပမ်း
DVB
·
June 18, 2012
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာ​မြေပြင်​လေ့​လာ​ရေး​ ဂြိုဟ်တုတစင်း​ကို ဂျပန်နိုင်ငံ အကူအညီနဲ့​ လွှတ်တင်ဖို့​ဆွေး​နွေး​ညှိနှိုင်း​မှု​တွေ ပြုလုပ်​နေပါတယ်။

ဒီဂြိုဟ်တုလွှတ်တင်ဖြစ်ရင် မုန်တိုင်း​ကို အ​သေး​စိတ်​လေ့​လာနိုင်မယ့်​ အ​ကြောင်း​ မိုး​လေဝသနဲ့​ ဇလ​ဗေဒ ညွှန်ကြား​မှုဦး​စီး​ဌာန လက်​ထောက်ညွှန်ကြား​ရေး​မှူး​ ဦး​ချစ်​ကျော် ​ပြောပါတယ်။

“အခုကျ​နော်တို့​ လက်ရှိသုံး​နေတဲ့​ဟာက ဘူမိတည်ငြိမ်။ ဘူမိတည်ငြိမ်တယ် ဆိုတာ တ​နေရာတည်း​ ​စောင့်​ကြည့်​တဲ့​အတွက် မြင့်​တယ်။ ကီလိုမီတာ ၃​သောင်း​ ၆ ​ထောင်​လောက်က​နေ ရိုက်တယ်။ အခုလုပ်တဲ့​ ဂြိုဟ်တုက ကီလိုမီတာ ၇၀၀ ​လောက်က​နေ ရိုက်တာဖြစ်တဲ့​အတွက် သူက ​အောက်မှာရှိတဲ့​ မုန်တိုင်း​နဲ့​ ပိုနီး​နီး​ ရိုက်တဲ့​အတွက် ပိုပြီး​အထဲထဲမှာရှိတဲ့​ ဆဲလ်​တွေကို အ​သေး​စိတ်ကြည့်​လို့​ရတယ်။ အဲဒီအတွက် အား​သာတယ်။ ဆိုလိုတာက ဒီမုန်တိုင်း​က ဘယ်​လောက် မိုး​ရွာနိုင်တယ်တို့​ အဲဒါမျိုး​သုံး​ရင် အား​သာတယ်။”

ဒီဂြိုဟ်တုဟာ မိုး​လေဝသအတွက်သာမကဘဲ စိုက်ပျိုး​ရေး​၊​ သစ်​တော၊​ သတ္တုနဲ့​ ​ဆောက်လုပ်​ရေး​ စတဲ့​ကဏ္ဍ​တွေ အတွက်လည်း​ အသုံး​ချလို့​ရမှာ ဖြစ်ပါတယ်။

စိုက်ပျိုး​ရေး​ကဏ္ဍမှာ စိုက်ပျိုး​ဖြစ်ထွန်း​မြေ၊​ ဆုံး​ရှုံး​တဲ့​ လယ်​မြေ​တွေကို ဂြိုဟ်တုက ​ဖော်ပြမှာဖြစ်ပြီး​၊​ ​တောမီး​လောင်ကျွမ်း​တဲ့​ ဖြစ်စဉ်​တွေကိုလည်း​ တိတိကျကျ သိရမှာဖြစ်ပါတယ်။ ဒါ့​ပြင် ​ဆောင်လုပ်​ရေး​မှာလည်း​ တံတား​ကြီး​တွေရဲ့​ ကြံ့​ခိုင်မှုကို ဂြိုဟ်တုက​နေ ကြည့်​ရှု​လေ့​လာနိုင်မှာ ဖြစ်ပါတယ်။

ဒီဂြိုဟ်တု လွှတ်တင်နိုင်​ရေး​အတွက် ပထမအဆင့်​ ဖြစ်နိုင်​ခြေ​လေ့​လာခြင်း​ အသိအမှတ်ပြုစာလွှာ ​ပေး​အပ်တဲ့​ အခမ်း​အနား​ကို ဇွန် ၁၅ ရက်က ​နေပြည်​တော်မှာ ပြုလုပ်ခဲ့​ပါတယ်။ အခုထိ​တော့​ ဂျပန်နဲ့​ ဝန်ကြီး​ဌာန​တွေ ပူး​ပေါင်း​ပြီး​ လိုအပ်ချက်​တွေ ​ဆွေး​နွေး​နေကြတုန်း​ အဆင့်​ပဲ ရှိပါ​သေး​တယ်။ ၁ နှစ်​လောက်အကြာ လာမယ့်​ ၂၀၁၃ ခုနှစ် ဇွန်လ​လောက်မှ ဂြိုဟ်တုလွှတ်တင်နိုင်ဖို့​ ​မျှော်မှန်း​ထား​ကြောင်း​ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013