DVB Logo
Home
မြန်မာသတင်း
ရင်ခွင်မဲ့ကလေးငယ် များပြားလာသဖြင့် မိုးမခရေလယ် ပရဟိတကျောင်း အခက်ကြုံ
DVB
·
May 3, 2018
ရင်ခွင်မဲ့ကလေးငယ် များပြားလာသဖြင့် မိုးမခရေလယ် ပရဟိတကျောင်း အခက်ကြုံ
1 / 6
Donate to DVB

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ မိုးမခကျေးရွာမှာ ဖွင့်လှစ်ထားတဲ့ မိုးမခ ရေလယ်ပရဟိတ ကျောင်းမှာ လာရောက်နေထိုင် ပညာသင်ယူနေတဲ့ ရင်ခွင်မဲ့ကလေးတွေနဲ့ စစ်ဘေးရှောင်ကလေး ငယ်တွေများလာတဲ့အတွက် စားဝတ်နေရေး အခက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

အဆိုပါပရဟိတကျောင်းကို စတင်တည်ထောင်စဉ်မှာ ကလေးဦးရေ ၁၀၀ လောက်သာ လက်ခံဖို့ ရည်ရွယ်ခဲ့ပေမယ့်လည်း မန္တလေးဘက်က ပရဟိတကျောင်းတွေကို ဦးဆောင်နေတဲ့ ဆရာတော်ကြီးတွေထံ စစ်ဘေးရှောင်ကလေးငယ်တွေ ရောက်ရှိလာမှု များပြားပြီး ဆရာတော်ထံ အကူအညီတောင်းလာတာကြောင့် ကလေးငယ်တွေကို လက်ခံရင်းများလာတာဖြစ်ပါတယ်။

မိုးမခရေလယ်ပရဟိတကျောင်းကို တည်ထောင်သူကျောင်းထိုင်ဆရာတော် အရှင်ဇဝနက  "အစကတော့ ၁၀၀ လောက်ပဲ ထားမယ်လို့ ရည်ရွယ်ခဲ့တာ။ နောက်ဆရာတော်တွေက မေတ္တာရပ်ခံတော့ မထူးပါဘူး။ ငတ်လည်း အတူတူပေါ့ဆိုပြီး လက်ခံရာကနေ များလာတာပါ။ ဒီမှာကတော့ ကလေးတွေရဲ့ အကျင့်စရိုက်ကောင်းအောင် လုပ်ဆောင်ပေးတယ်။ နောက် စည်းနဲ့ ကမ်းနဲ့ နေတတ်အောင်ပေါ့။ ကိုယ့်နိုင်ငံ ကိုယ့်မြို့ရွာကို တဖက်တလမ်းက အကျိုးပြုနိုင်လာအောင် လုပ်ပေးနေတာပါ။ အခု ကလေးတွေ ထပ်ရောက်လာတော့ သူတို့အတွက် ဖျာ၊ ခေါင်းအုံးမရှိဘူး။ နေစရာ အဆောင် မရှိသေးဘူး။ အခက်အခဲတွေကတော့ အများကြီးပါပဲ”လို့ မိန့်ပါတယ်။

အဆိုပါကျောင်းကို ရောက်ရှိနေတဲ့ ကလေးအများစုဟာ ပအို့ဝ်နဲ့ ပလောင်တိုင်းရင်းသား အများစုဖြစ်ပြီး ရှမ်းလူမျိုးအနည်းငယ် ပါဝင်ကာ နယ်ပေါင်းစုံက ရင်ခွင်မဲ့ကလေးငယ်တွေ အပါအဝင် လက်ရှိကလေးငယ်ဦးရေ ၂၀၀ လောက် မှီခိုနေတယ်လို့ ဆရာတော်က မိန့်ပါတယ်။

အဆိုပါကျောင်းကို ရှမ်းပြည်မြောက်ပိုင်းမှ လာရောက်နေထိုင်နေတဲ့ ကျောင်းသား မောင်အောင်သင်းက "ကျနော်က မြောက်ပိုင်းက လာတာ။ စစ်ဘေးရှောင်နေတာကတော့ ၂ နှစ်ရှိပြီ။ ရွာမှာ တိုက်ပွဲတွေဖြစ်နေတော့ စာလည်း မသင်ရဘူးလေ။ အခု သား ရှစ်တန်းရောက်ပြီ။ စစ်မဖြစ်တော့ဘူး ဆိုရင်တော့ ပြန်ချင်တာပေါ့"လို့ ပြောပါတယ်။

မိုးမခရေလယ် ပရဟိတကျောင်းကို ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ KG တန်းမှ ဆယ်တန်းအထိ ကျောင်းသူ၊ ကျောင်းသားတွေ အပါအဝင် ကလေးငယ် ၂၀၀ လောက် စောင့်ရှောက်ထားပြီး ရင်ခွင်မဲ့ ကလေးငယ်တွေနဲ့ စီးပွားရေး အဆင်မပြေတဲ့ မိသားစုရဲ့ ကလေးငယ်တွေကို အဓိကထား ကူညီစောင့်ရှောက်ပေးနေတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013