DVB Logo
Home
မြန်မာသတင်း
မက္ကဆီကန် ရွက်လှေပိုင်ရှင် သူဌေးနှင့် သန့်ရှင်းရေးအမျိုးသမီးတဦးကြားမှ အချစ်၊ အိမ်ထောင်ရေးနှင့် ဟာသဒရာမာရုပ်ရှင်-Overboard(နမူနာ)
DVB
·
May 3, 2018
မက္ကဆီကန် ရွက်လှေပိုင်ရှင် သူဌေးနှင့် သန့်ရှင်းရေးအမျိုးသမီးတဦးကြားမှ အချစ်၊ အိမ်ထောင်ရေးနှင့် ဟာသဒရာမာရုပ်ရှင်-Overboard(နမူနာ)
Donate to DVB


 

 

အချစ်နဲ့ အိမ်ထောင်ရေး ဟာသကားတကားဖြစ်တဲ့ Overboard ဆိုတဲ့ ဟောလိဝုဒ် ရုပ်ရှင်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကတော့ ၁၉၈၇ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားခဲ့တာဖြစ်ပြီး ဒီကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာကတော့ Rob Greenberg ဖြစ်ပါတယ်။

ချမ်းသာတဲ့ မက္ကဆီကန် လူကုံထံ ရေပေါ်ဆီ အသိုင်းအဝိုင်းမှာ ကြီးပြင်းပြီး တကိုယ်ကောင်းဆန်၊ ဆိုးသွမ်းမောက်မာတဲ့ သူဌေးတဦးနဲ့ သူ့ရဲ့ ဇိမ်ခံရွက်လှေကို သန့်ရှင်းရေး ဝန်ဆောင်မှုပေးဖို့ ငှားရမ်းထားသူ ၃ ဦးထဲက တဦးဖြစ်တဲ့ Single Mom အမျိုးသမီးတဦးကြားက ပဋိပက္ခတွေ၊ ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။

အဓိကဇာတ်ဆောင်တွေအဖြစ် မက္ကဆီကိုမင်းသား Eugenio Derbez နဲ့ အမေရိကန် မင်းသမီး Anna Faris တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

အချိန် ၁၁၂ မိနစ်ကြာမြင့်တဲ့ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ တချို့ အသုံးအဆောင်တွေ၊ ပြောစကားတွေနဲ့ အဖော်အချွတ် ဇာတ်ဝင်ခန်းတချို့ ပါဝင်တာကြောင့် ဒီကားကိုတော့ အသက် ၁၃ နှစ်အောက် ကလေးတွေကို မိဘအုပ်ထိန်းသူမပါဘဲ ကြည့်ရှုခွင့်မရှိတဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ဒီကားကို အစကတော့ ဧပြီလထဲမှာ ရုံတင်မယ်လို့ ကြော်ငြာထားခဲ့ပေမယ့် လက်ရှိ ရုံတင်နေပြီး အောင်မြင်နေတဲ့ Avengers:Infinity War ရုပ်ရှင်ကား ရုံတင်ပြသမယ့်ရက်နဲ့ ရှောင်ချင်တာမို့  ရက်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

လာမယ့် မေလ ၄ ရက်နေ့မှာတော့ တကမ္ဘာလုံးမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013