DVB Logo
Home
မြန်မာသတင်း
စစ်ပွဲကြောင့် တောတွင်းပိတ်မိနေသည့်ရွာသား ၂၄ ဦး စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ
DVB
·
May 3, 2018
စစ်ပွဲကြောင့် တောတွင်းပိတ်မိနေသည့်ရွာသား ၂၄ ဦး စစ်ဘေးရှောင်စခန်းသို့ ရောက်ရှိ
Donate to DVB

ကချင်ပြည်နယ် တိုက်ပွဲတွေကြောင့် တနိုင်းမြို့နယ်နဲ့ အင်ဂျန်းယန်မြို့နယ်တွေမှာ တောတွင်းပိတ်မိနေတဲ့ ပြည်သူ ၃၀၀၀ လောက်ထဲက ၂၄ ဦးဟာ မနေ့ညက ဝိုင်းမော်မြို့နယ်ရှိ  စစ်ဘေးရှောင်စခန်းကို ရောက်ရှိလာပါတယ်။

အင်ဂျန်းယန်မြို့နယ်၊ အင်ကရန့်ကောင်ကျေးရွာမှာရှိတဲ့ ရွာသား၂၄ ဦးဟာ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ စိန့်ဂျိုးဇက်ကက်သလစ်အသင်းတော်မှာ ဖွင့်လှစ်ထားတဲ့ စစ်ဘေးရှောင်စခန်းကို  မေ ၂ ရက် ည ၁၁ နာရီလောက်မှာ ရောက်ရှိလာခဲ့တာပါ။

အဆိုပါ ရွာသား၂၄ ဦးဟာ ဧပြီ ၂၆ ရက်ကစပြီး တိုက်ပွဲတွေကြောင့် နေအိမ်တွေကို စွန့်ခွာထွက်ပြေးကာ တောထဲမှာ တိမ်းရှောင်နေခဲ့ကြရတာဖြစ်ပြီး အစာမစားရတဲ့ ရက်တွေလည်း ရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ တောတွင်းပိတ်မိနေတဲ့ စစ်ဘေးရှောင်ပြည်သူအားလုံးကို အမြန်ဆုံး ကယ်ဆယ်ပေးဖို့ အစိုးရကို ကချင်လူငယ်ထု အပါအဝင် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။

သတင်း - ရဲမွန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013