DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များကိုကယ်ထုတ်ပေးရန် တိုကျိုမြန်မာသံရုံးရှေ့တွင်ဆန္ဒပြတောင်းဆို
DVB
·
May 3, 2018
စစ်ဘေးရှောင်များကိုကယ်ထုတ်ပေးရန် တိုကျိုမြန်မာသံရုံးရှေ့တွင်ဆန္ဒပြတောင်းဆို
Donate to DVB

 

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ ကေအိုင်အေအကြား ဖြစ်ပွားနေတဲ့တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက်နိုင်ရေးအတွက် ဂျပန်ရောက် မြန်မာတွေက ဆန္ဒထုတ်ဖော် တောင်းဆိုလိုက်ပါတယ်။

စစ်ပွဲကြားမှာ ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို ကယ်ထုတ်ပေးရေးအတွက် တောင်းဆိုပွဲကို မေလ ၂ ရက်နေ့ညနေက ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့မှာ ဂျပန်နိုင်ငံ ကချင်အစည်းအရုံး (ကေအန်အို)ကဦးဆောင်ပြီး မြန်မာနိုင်ငံသား၂၀၀နီးပါးက စုရုံးတောင်းဆိုခဲ့ ကြတာပါ။

ကေအန်အို (ဂျပန်)ရဲ့ဥက္ကဋ္ဌ ဦးဂျွန်မျိုးအောင်က “ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို ကယ်ထုတ်ပေးရေးအတွက် ပြည်တွင်းကလူငယ်တွေ ပြုလုပ်နေတဲ့ တောင်းဆိုပွဲတွေကို ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း ထပ်တူအပြည့်အ၀ ထောက်ခံပါတယ်ဆိုတာကို ပြသချင်လို့ အခုလိုလာရောက်တောင်းဆိုတာ” လို့ပြောပါတယ်။

အသက်အရွယ်ကြီးရင့်နေသူတွေနဲ့ ကလေးသူငယ်တွေပါမကျန်  ဒုက္ခရောက်ခံစားနေရ တာကို သိရှိနားလည်ခံစားနေရလို့ အခုလိုလာရောက်ဆန္ဒဖော်ထုတ်တာပါလို့ ကေအန်အို ဂျပန်ရဲ့ တွဲဘက်အတွင်းရေးမှူး ဒေါ်နန်ထန်ကလည်း ပြောပါတယ်။

ပိတ်မိနေတဲ့ အရပ်သားပြည်သူတွေကို ကယ်ထုတ်ပေးရေးအတွက် တိုကျိုမြို့၊ မြန်မာသံရုံးရှေ့တောင်းဆိုပွဲမှာ တောင်းဆိုခဲ့ကြသလို  ကုလသမဂ္ဂရုံးနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေက တဆင့် ဆက်လက်တောင်းဆိုမယ်လို့လည်း ဦးဆောင်သူတွေက ပြောပါတယ်။

သတင်း-ဓာတ်ပုံ ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013