DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီနေတိုး နမ္မတီးစစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်အားပေး
DVB
·
May 2, 2018
အကယ်ဒမီနေတိုး နမ္မတီးစစ်ရှောင်ဒုက္ခသည်စခန်းကို သွားရောက်အားပေး
1 / 5
Donate to DVB

 

အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်  နမ္မတီးဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ဒုက္ခသည်တွေကို ရုပ်ရှင်မင်းသား အကယ်ဒမီနေတိုးက မနေ့ မေလ ၁ ရက်မှာ သွားရောက်ကူညီ အားပေးခဲ့ပါတယ်။

နမ္မတီမြို့ လမ်ဘရော့ယန်(လမ်းခွ) R.C.M နဲ့ KBC ဒုက္ခသည် စခန်း တွေမှာ  ရောက်ရှိနေတဲ့ ကဆုန့်ဒေသက စစ်ဘေး​ရှောင်​အ​ယောက်​ ၈၀၀ ထံ ​ငွေ ကျပ်​ ၂ သိန်း နဲ့  ​ခေါက်​ဆွဲထုပ်​ ဖာ ၄၀ ၊ ဆန်​အိပ်​ ၁၀ လာ​ရောက်​​ပေးအပ်​လှူဒါန်းခဲ့ပါတယ်။

"ကချင်တိုင်းရင်းသားတွေနဲ့ ရခိုင်တိုင်းရင်းသားတို့ဟာ ထာဝရမဟာမိတ်ဆွေမျိုး ညီနောင်များ ဖြစ်ကြောင်း၊ အားငယ်စရာမလိုကြောင်း" အားပေးစကားပြောကြားခဲ့ကြောင်း  ကချင်လူမှုအဖွဲ့တွေရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြပါတယ်။

အလားတူ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ကချင်ပြည်နယ်၊နမ္မတီး မြို့ နှင့် မြစ်ကြီးနား မြစ်ဆုံ ရှိ တိုက်ပွဲရှောင် စခန်းတွေကို သွားရောက်ပြီး ဆန်၊ နှင့် အဝတ်အထည်၊ အသုးံအဆောင်များ ကူညီထောက်ပံ့ပေးခဲ့ကြောင်းလည်း ဝေဠုကျော်ဖောင်ဒေးရှင်းက ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013