DVB Logo
Home
မြန်မာသတင်း
မြန်မာ့သတင်းလွတ်လပ်ခွင့် အကဲဖြတ်ချက် အမှတ် ၆၀ တွင် ၂ မှတ်သာရရှိ
DVB
·
May 2, 2018
မြန်မာ့သတင်းလွတ်လပ်ခွင့် အကဲဖြတ်ချက် အမှတ် ၆၀ တွင် ၂ မှတ်သာရရှိ
Donate to DVB

 

မြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်ဟာ အဖွဲ့ ၁၈ ဖွဲ့ရဲ့သုတေသနပြုချက်အရ အမှတ် ၆၀ မှာ ၂မှတ်သာရရှိခဲ့တယ်လို့  ပန်မြန်မာ ကလောင်ရှင်များအဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာ အရသိရပါတယ်။

မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် အခြေအနေနဲ့ ပတ်သက်ပြီး အကဲဖြတ်ချက် အစီရင်ခံစာကို ဒီကနေ့ ရန်ကုန်မှာ ထုတ်ပြန်လိုက်တာဖြစ်ပြီး မနှစ်က ထုတ်ပြန်ချက်မှာတော့  မြန်မာ့သတင်းလွတ်လပ်ခွင့်ဟာ အမှတ် ၆၀ မှာ ၈ မှတ်ရရှိခဲ့ပါတယ်။

အခုနှစ်မှာ ရမှတ်တွေ ကျဆင်းလာရတာဟာ မီဒီယာသမားတွေကိုထောင်ချတာ၊ တရား ရင်ဆိုင်နေရတာတွေကြောင့်အပြင် ပြင်ဆင်ဖို့အကြံပြုထားတဲ့ဥပဒေတွေကို အသုံးချပြီး လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို  ခြိမ်းခြောက်နေတဲ့ အချက်တွေ ပါဝင်နေတာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာကို နိုင်ငံတော်သမ္မတနဲ့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအ၀င် လွှတ်တော်နဲ့ သက်ဆိုင်ရာအဖွဲ့စည်းတွေကိုပေးပို့သွားဖို့ရှိပါတယ်။

မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်ဟာ ကျဆင်းလာနေတယ်လို့ မြန်မာ သတင်းထောက် ၂၀၀ ကို မေးမြန်းထုတ်ပြန်တဲ့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း (မြန်မာ)အဖွဲ့က ကောက်ထားတဲ့ စစ်တမ်းမှာလည်း ဖော်ပြထားပါတယ်။

အလားတူ ပြင်သစ်အခြေစိုက် နယ်ခြားမဲ့သတင်းသမားများအဖွဲ့ RSFက ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်ညွန်းကိန်းမှာလည်း မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ ၂၀၁၇ ခုနှစ်ကထက် အဆင့် ၆ ဆင့် ကျဆင်းသွားပြီး အဆင့် ၁၃၇ မှာ ရပ်တည်နေတယ်လို့ ဖော်ပြ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013