DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
May 2, 2018
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ငွေကျပ် ၃၇,၃၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၄၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၃၂,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၉,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၁,၇၀၀ ကျပ် ဈေးကွာခြားမှုရှိပါတယ်။

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တအိတ်ကို ငွေကျပ် ၃၃,၇၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၂၆,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၀,၀၀၀ ပေါက်ဈေးရှိပြီး ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် တအိတ်ကို ၃,၇၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ V2
မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၅၇,၀၀၀ ကနေ ၅၇,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၅၅,၅၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀   ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စွန်တာပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ  စွန်တာပဲက တအိတ်ကို ငွေကျပ် ၆၁,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ငွေကျပ် ၅၈,၈၀၀ ပေါက်ဈေးရှိပြီး မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၂,၂၀၀ ဈေးကွာခြားမှု ရှိပါတယ်။

ပဲလွန်းပြာ
မန္တလေးကုန်စည်ဒိုင်မှာ ပဲလွန်းပြာက ၅၄.၂၅ ပိဿာဝင် တအိတ်ကို ၄၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၆,၀၀၀ ပေါက်ဈေးရှိပြီး ဈေးပြောင်းလဲမှုမရှိပါဘူး။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၄၈,၆၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၉၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂,၆၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းနက်(စမုံ)
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းနက်(စမုံ)က ၄၅ ပိဿာဝင် တအိတ်ကို ငွေကျပ် ၁၁၀,၀၀၀ ကျပ်ကနေ ၁၂၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၂၀,၀၀၀ ကျပ်ကနေ ၁၂၂,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက မတ်ပဲ၊ ပဲစင်းငုံနီနဲ့ ကုလားပဲတို့ကတော့ ဆက်တိုက် ဈေးကျဆင်းနေခဲ့ပါတယ်။

မတ်ပဲက ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး ဒီနေ့မှာတော့ တတန်ကို ၄ သိန်းအောက်ထိ ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ပအဝယ်ကလည်း နည်းသလို ပြည်တွင်းမှာလည်း အဝင်များနေတဲ့အတွက် ဈေးကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်ရက်အတွင်း တတန်ကို ၂၅,၀၀၀ ကျပ်ကျော် ဈေးကျဆင်းသွားခဲ့ပါတယ်။

ကုလားပဲကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက တဖြည်းဖြည်း ဈေးကျဆင်းခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တပတ်အတွင်း ၁၀,၀၀၀ ကျပ်နီးပါး ဈေးက ကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံမှာ လက်ရှိ ကုလားပဲအသစ်တွေ ပေါ်တဲ့အချိန် ဖြစ်တဲ့အတွက် ပြည်ပ ဝယ်ယူမှုကို လျှော့ချခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း အိန္ဒိယနိုင်ငံက ၄င်းတို့ဒေသတွင်း ပိုလျှံမှုတွေကြောင့် ပဲမျိုးစုံတင်သွင်းမှုကို လျှော့ချထားပြီး ၄င်းတို့ကိုယ်တိုင် ပြည်ပနိုင်ငံတွေကို အဓိက တင်ပို့နေပါတယ်။

အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း - AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013