DVB Logo
Home
မြန်မာသတင်း
ဖြိုးကိုကိုတင့်ဆန်း အမှု စတင်မစစ်ဆေးနိုင်သေး
DVB
·
May 2, 2018
ဖြိုးကိုကိုတင့်ဆန်း အမှု စတင်မစစ်ဆေးနိုင်သေး
Donate to DVB

တရားမဝင်လက်နက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးတရားစွဲနေရတဲ့ ဖြိုးကိုကိုတ့င်ဆန်း အမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကနေ အမှုတွဲနဲ့ စစ်ဆေးချက်တွေ ပြန်ပေးပို့ခြင်း မရှိသေးလို့ စတင်စစ်ဆေးနိုင်ခြင်း မရှိသေးပါဘူး။

ဖြိုးကိုကိုတင့်ဆန်းနဲ့ ပတ်သက်သူတို့ရဲ့ အမှုတွဲတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဧပြီ ၁၉ ရက်က တောင်းယူစစ်ဆေးပြီး လက်ရှိအချိန်အထိ ပြန်လည်ပေးပို့ခြင်း မရှိသေးတဲ့အတွက် ဒက္ခိဏခရိုင်တရားရုံးက မေလ ၉ ရက်မှာ ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုခံထားရသူတဦးရဲ့ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်တင်ပပထွန်းက ပြောပါတယ်။

“အမှုတွဲကိုတော့ ပြည်ထောင်စုတရားလွှတ်တော်က ယူသွားတဲ့အတွက်ကို ဒီနေ့ပြန်ပြီးတော့ ရုံးချိန်း ချိန်းပေးတယ်။ ရုံးထိုင်တရားသူကြီးက အစည်းအဝေးသွားနေတာ ဖြစ်တဲ့အတွက် ရုံးချိန်းကို တခြားတရားခွင်က တရားသူကြီးကနေမှ ရုံးချိန်း ၉ ရက်နေ့ကို ချိန်းပေးလိုက်တယ်။ အမှုတွဲ ပြန်လည်ရောက်ရှိခြင်း မရှိသေးဘူး။ ဒါကြောင့်မို့ ရုံးချိန်းပဲပေးတာ”

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လက်နက်နဲ့ မူးယစ်ဆေးဝါးတွေ တွေ့ရှိမှုနဲ့ ဖြိုးကိုကိုတင့်ဆန်း အပါအ၀င် ၁၅ ဦးတို့ကို မူးယစ်ဆေးဝါနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါများဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ၊ ပို့ကုန်/သွင်းကုန် ဥပဒေ၊ လက်နက်ဥပဒေ၊ လက်နက်(ယာယီပြင်ဆင်)ချက် အက်ဥပဒေ တို့နဲ့ အမှုပေါင်း ၁၇ မှုနဲ့ အရေးယူစစ်ဆေးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013