
နာဂစ်မုန်တိုင်း ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်မှု လျှော့ချရေး လူထုအသိပညာပေးပွဲကို မေလ ၂ ရက်မနက်က ရန်ကုန်မြို့ မြန်မာအင်ဂျင်နီယာအသင်းမှာ ကျင်းပပါတယ်။
မြန်မာနိုင်ငံရဲ့ သမိုင်းမှာ အဆိုးရွား၊ အပြင်းထန်ဆုံး ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ဟာ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း၊ မေလ ၃ ရက်နေ့မှာ ရန်ကုန်တိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့တာပါ။
ဆိုင်ကလုန်းမုန်တိုင်း နာဂစ်ကြောင့် လူဦးရေ ၁၄ဝ,ဝဝဝ ခန့် သေဆုံး ပျောက်ဆုံးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၃၇ မြို့နယ်က လူဦးရေ ၂ ဒသမ ၄ သန်းနီးပါး မုန်တိုင်းကြောင့် ထိခိုက်ခံစားခဲ့ရပါတယ်။











