DVB Logo
Home
မြန်မာသတင်း
“ကျမတို့ကို အဆိုးမြင်နေတာ” ဒေါက်တာဒေါ်ခင်ညိုနှင့် မေးမြန်းချက်
DVB
·
May 2, 2018
“ကျမတို့ကို အဆိုးမြင်နေတာ” ဒေါက်တာဒေါ်ခင်ညိုနှင့် မေးမြန်းချက်
Donate to DVB

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နှစ်ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်းမှာ  မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဘင်္ဂါလား ဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားသူတွေ အရေးကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။

လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေးအပေါ် အမြင်သဘောထားတွေနဲ့ ပတ်သက်ပြီး ဒီဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင် ဒေါက်တာဒေါ်ခင်ညိုကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး- ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ ရခိုင်ကိစ္စအပေါ် မြင်တဲ့အမြင်က ဘယ်လိုရှိလဲ၊ အကောင်းဘက်က မြင်သလား၊ အဆိုးဘက်က မြင်သလား။ မြန်မာဘက်က ရှင်းပြတဲ့အခါမှာ ဘယ်လိုသက်ရောက်မှုရှိလဲ။

ဖြေဒေါက်တာဒေါ်ခင်ညို- “အကောင်းဘက်ကတော့ မဟုတ်ဘူး။ သူတို့ကလေ ဟိုဘက် ဘင်္ဂလားဒေ့ရှ်ဘက်အရင်သွားတယ်။ ဟိုဘက်က ဘင်္ဂါလီအမျိုးသမီးတွေကငိုပြတယ်။ ဒဏ်ရာတွေကို ပြတယ်။ ကလေးတွေကို လည်ပင်းတွေကို ဓားတွေနဲ့ ရစ်ပြတယ် ဆိုတာတွေကို ပြောတာတွေကို သူတို့က ယုံလာတယ်။ ယုံလာပြီးတော့ ကျမတို့ကို အဆိုးမြင်နေတာ။ ကျမတို့ ရှင်းပြတဲ့အခါကျတော့ ဦးကျော်တင့်ဆွေ၊ ဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ ဝင်းမြတ်အေးရယ်၊ ရှေ့နှစ်ယောက် ပြီးတော့ ဦးဝင်းမြတ်အေး အလှည့်ကျတော့ ပီရူးခေါင်းဆောင်ကထတော့ ကျန်တဲ့သူတွေလည်း ထတော့တာပဲ။ ပြန်တော့မယ်တဲ့။ CSO အစည်းအဝေး ရှိပါတယ်ဆိုပြီး အရေးကြီးတဲ့အစည်းအဝေး ရှိတယ်ဆိုပြီး ပြန်တော့မယ်ဆိုပြီး လုပ်တော့တာပဲ။ ဒီဘက်က တားပြီး ထမင်းကျွေးတော့ အေးဆေးစားတာပါပဲ။ သူတို့က ဒီဘက်က ရှင်းပြနေတာကို နားမထောင်ချင်ဘူး၊ စိတ်မဝင်စားဘူး။ အဲဒီလိုပုံစံ ရှိတယ်။ အဲဒါတော့ နည်းနည်းတော့ တမျိုးပေါ့။”

အစိုးရဘက်က ရှင်းပြတဲ့အခါမှာရော ဘယ်လိုအကြံပြုတာရှိလဲ။ ရှေ့ဆက်ပြီး ဒီကိစ္စကို ဘယ်လို ဆောင်ရွက်ဖို့လိုမလဲ။ သူတို့ဘက်က ဘယ်လို တုံ့ပြန်ပြောဆိုတာရှိလဲ။

“သူတို့က ဒီလူတွေကို မြန်မြန်ခေါ်စေချင်တာပေါ့။ အကုန်လုံး မြန်မြန်ခေါ်။ ဒီလိုပုံစံမျိုး ကျမနဲ့ စကားပြောတဲ့ အမျိုးသမီး ပြောတာကတော့ ဟိုဘက်ကလည်း ဒီလူတွေ သူတို့မြေပေါ်ကို လာရှုပ်နေတယ်ပေါ့။ သူတို့အတွက် မြေကြီးပေးနေရတယ်ပေါ့။ သူတို့အတွက် တာဝန်ကြီးတယ်ပေါ့။ မြန်မြန်ခေါ်ရင် ကောင်းမယ်ပေါ့။ ဒီဘက်က မြန်မြန်ခေါ်ပေးပါဆိုတဲ့ ပုံစံမျိုး ပြောတာပေါ့။ ခေါ်ပေးပါဆိုတော့ ဒီဘက်ကလည်း မခေါ်တာလည်း မဟုတ်ဘူးလေ။ ခေါ်နေတာပဲ၊ သူတို့ဘာသာ မလာတဲ့ကိစ္စလေ အဲဒီပြဿနာပေါ့။ ဟိုဘက်ကလည်း ဘင်္ဂလားဒေ့ရှ်က ခေါ်ပါ ခေါ်ပါ ပြောတယ်။ လူတွေကလည်း ပြန်ချင်ပါတယ်လို့ ပြောတယ်။ ဒီဘက်ကလည်း ခေါ်နေတယ်။ ကြားထဲမှာ ဘာဖြစ်နေမှန်း မသိဘူး။ ဦးဝင်းမြတ်အေးတို့ ပြောတာကတော့ သူတို့မေးကြည့်တဲ့အခါမှာ ပြန်ချင်တယ်လို့ ပြောတယ်။ ဒါပေမယ့် ပြန်လို့မရဘူး။ သူတို့ သဘောအတိုင်း ပြန်လို့မရဘူး။ ကြားထဲမှာ တခုခုတော့ ရှိနေတယ်။ တခုခုတော့ နှောက်နေတယ်။ တခုခုပေါ့။”

အဲဒီအဖွဲ့ထဲမှာ တရုတ်သံမတ်ရော၊ ရုရှားသံအမတ်ပါ ပါလာတော့ သူတို့တွေကရော ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် ဘယ်လို သဘောထားလဲ။

“အဲဒါမျိုးတော့ မပြောလိုက်ရဘူးလေ။ ကျမတို့ဆီက သုံးဦး ရှင်းပြတယ်။ တတိယမြောက်မှာပဲ အခုလိုမျိုး ပြန်ကြမယ် ထလုပ်တာလေ။ သူတို့ဘက်က ပြောတာတော့ ကျမတို့ဘက်ကနေ ပုံစံတွေ လုပ်နေတဲ့ကိစ္စက ခရီးကြာတယ်ပေါ့။ ဒီဘက်ကလည်း သူတို့ပုံစံဖြည့်တာ မဟုတ်ဘူးပေါ့။ သက်သေပြနိုင်ဖို့ လိုတယ်ပေါ့။ သူတို့ဘက်ကတော့ ဒီကိစ္စက မလိုအပ်ဘဲနဲ့ ရစ်တဲ့ပုံစံ ခပ်ဆန်ဆန်ပေါ့။ ဒါကို ဘယ်လို လွယ်ကူအောင် လုပ်ကြမလဲပေါ့။ အဲလိုတော့ ပြောတယ်။ တဦးချင်းရယ်လို့ ပြောတာမရှိတော့ ကျမလည်း မပြောတတ်ဘူး။ တဦးချင်းစီ ပြောဖို့ အချိန်မရကြဘူးလေ။”

အိုင်စီစီကို တင်ဖို့ကို တောင်းဆိုနေတာတွေရှိတယ်။ ဒီကိစ္စကိုရော လုံခြုံရေးကောင်စီ ကိုယ်စားလှယ် အဖွဲ့က ပြောဆိုခဲ့တာ ရှိလား။

“အဲဒီလိုမျိုးတော့ သူတို့တွေ ပြောသွားတာ မရှိဘူး။ ကျမနဲ့ စကားပြောခဲ့တဲ့ အမျိုးသမီးကတော့ ကျမက ပြောခဲ့တာတော့ ဟိုဘက် ဒီဘက်ကို မျှမျှတတ လုပ်ကြပါ။ သူ ပြောတာကတော့ ဟုတ်ပါတယ်။ ကျမတို့လည်း သိပါတယ်။ လုပ်ပါမယ်လို့ ပြောတယ်။ ဟိုဘက်က အဲလိုတွေ မတရားခံရပါတယ် ပြောနေတယ်။ အဲဒီတော့ ကျမတို့ဘက်ကလည်း ခံနေရတာပဲလို့ ပြောတော့ သူက အဲဒါဆိုလည်း ပြလေတဲ့။ အဲဒီလိုအပိုင်း ဖြစ်သွားတာပေါ့။ အဲဒါဆိုလည်း ငါတို့ကို ပြလေဆိုတော့ အဲဒါက တပိုင်းပေါ့။ သူတို့က ဟိုဘက်ကကိုပဲ အရမ်းသနားပြီး အရမ်းစာနာပြီးတော့ ကျမတို့က ဒီလူတွေကို အနိုင်ကျင့် ဆိုးရွားနေတဲ့သူတွေ သူတို့က အဲလိုထင်နေကြတာ  တဖက်သတ်ကို မြင်နေတာ။”

သူတို့မှာ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လို အထောက်ထားမျိုးတွေ၊ ရုပ်သံဖိုင်တွေရှိလို့ တခြားအချက်အလက်တွေရှိလို့ အခုလို ပြောတာပါ ဆိုတာမျိုး ပြောခဲ့တာ ရှိလား။

“အဲဒါတော့ ပေါ်တင်တော့ မပြောဘူး။ ဒါပေမယ့် ကျမနဲ့ပြောတဲ့ အမျိုးသမီးက ကျမတို့ဆီမှာ ခံရတဲ့သူတွေရဲ့ ပုံတွေရှိတယ်လို့ ပြောတော့ သူ့မှာလည်း ရှိတယ်လို့တော့ ပြောတယ်။ အဲဒီလောက်တော့ အေးအေးဆေးဆေးပြောဖို့ အချိန်တော့ မရှိခဲ့ဘူး။ သူ့ဓာတ်ပုံ၊ ကိုယ့်ဓာတ်ပုံ ပြဖို့လောက်ထိ အချိန်တော့မရှိခဲ့ဘူး။ သူတို့မှာရှိတယ်လို့တော့ ပြောတာပဲ။”

ဆရာမနဲ့ စကားပြောတဲ့ အမျိုးသမီးက ဘယ်နိုင်ငံကလဲ။

“နယ်သာလန်က၊ သူ့မှာ ဓာတ်ပုံတွေရှိတယ်လို့ ပြောတယ်။ ဘယ်လိုတွေ အသတ်ခံရတာတွေဆိုတဲ့ ပုံတွေ ရှိတယ်လို့ ပြောတယ်။ ဘာပုံတွေလဲ ဆိုတာတော့ မသိဘူး။ ကျမအထင်တော့ ဒဏ်ရာတွေကို ရိုက်လာတဲ့ပုံတွေလို့တော့ ထင်တာပဲ။ ကျမ ထင်တာပါ။ မသေချာပါဘူး။”

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က ဘယ်လိုတွေ ဆက်လုပ်သွားဖို့ရှိလဲ။

“ကျမတို့ကတော့ အကြံပေးထားတာတွေ ရှိပါတယ်။ ပြည်ပနဲ့ ပြည်တွင်းနဲ့က သတ်သတ်တော့ မတွေ့ရသေးဘူးပေါ့နော်။ ပြည်တွင်းကတော့ သတ်သတ်ကြီး ဆုံးဖြတ်ချက်တော့ မရှိသေးဘူးပေါ့။ အရင်ဆုံးဖြတ်ချက်ပေါ့။ အကောင်အထည်မဖော်ရသေးတော့ အဲဒါ စောင့်နေတာပေါ့။ အခုက ကြားဖြတ်တွေ့ရတဲ့ အနေထားမျိုးလေ။”

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013