DVB Logo
Home
မြန်မာသတင်း
မယုံကြည်ထိုက်သောသက်သေအဖြစ် ကြေညာပေးရန် အစိုးရရှေ့နေလျှောက်ထားချက် ပယ်ချခံရ
DVB
·
May 2, 2018
မယုံကြည်ထိုက်သောသက်သေအဖြစ် ကြေညာပေးရန် အစိုးရရှေ့နေလျှောက်ထားချက် ပယ်ချခံရ
Donate to DVB

 

ဖမ်းဆီးတရားစွဲခံနေရတဲ့ တရားလိုပြသက်သေ ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးဖို့ အစိုးရရှေ့နေရဲ့ လျှောက်ထားချက်ကို တရားသူကြီးက ပယ်ချလိုက်ပါတယ်။

ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာက လူသတ်မှုကိစ္စကို ဖော်ထုတ်သတင်း ရေးသားခဲ့တဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ကိုကျော်စိုးဦးတို့ကို အမှုဆင် ထောက်ချောက်ဆင်ဖမ်းဆီးဖို့ ရဲမှူးချုပ်တင်ကိုကိုက စီစဉ်ကွပ်ကဲခဲ့တာဖြစ်တယ်လို့ ဒုရဲမှူးမိုးရန်နိုင်က ဧပြီ ၂၀ ရက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ရုံးထုတ်မှာ တရားလိုသက်သေအနေနဲ့ ထွက်ဆိုခဲ့ပါတယ်။

ဒါကြောင့် အစိုးရဘက်ကရှေ့နေက ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေ အဖြစ်ကြေညာပေးဖို့ ၁၅ ကြိမ်မြောက်ရုံးထုတ်နေ့ ဧပြီ ၂၅ ရက်နေ့က ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

အဲဒီလျှောက်ထားချက်ကို ဒီကနေ့ မေ ၂ ရက်နေ့ရုံးထုတ်တဲ့နေ့မှာ တရားသူကြီးက ပယ်ချ လိုက်ပြီး နောက်တပတ်ရုံးချိန်း မေ ၉ ရက်နေ့မှာ ဒုရဲမှူး မိုးရန်နိုင်ကို ဆက်လက်စစ်ဆေးမယ်လို့ ပြောပါတယ်။

ဒုရဲမှူးမိုးရန်နိုင်ဟာ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရလည်း အရေးယူခံရပြီး ထောင်ဒဏ် တစ်နှစ်ကျခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013