
မတ်ပဲ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ မတ်ပဲက ပိဿာ ၆၀ ဝင် တအိတ်ကို ၃၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၄၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၁,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင် တအိတ်ကို ၈,၅၀၀ ဈေးကွာခြားမှု ရှိပါတယ်။
ပဲစင်းငုံနီ
မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ပဲစင်းငုံနီက တအိတ်ကို ၂၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၃၁,၀၀၀ ပေါက်ဈေးရှိပြီး အောင်လံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၂၈,၅၀၀ ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ အောင်လံကုန်စည်ဒိုင်တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
ကုလားပဲ V2
မန္တလေးကုန်စည်ဒိုင်မှာ ကုလားပဲ V2 က ၅၇.၂၅ ပိဿာဝင် တအိတ်ကို ၅၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၅၈,၅၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၃,၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် တအိတ်ကို ၁,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
စီပီပြောင်း
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၃၀,၀၀၀ ကျပ်ကနေ ၃၃,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၃၁,၈၀၀ ကျပ် ပေါက်ဈေးရှိပြီး တအိတ်ကို ၆၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၂,၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
နှမ်းညို
မန္တလေးကုန်စည်ဒိုင်မှာ နှမ်းညိုက ၄၅ ပိဿာဝင် တအိတ်ကို ၁၁၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၁၂,၀၀၀ ပေါက်ဈေးရှိပြီး တအိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တအိတ်ကို ၁၀၅,၇၅၀ ကျပ်ကနေ ငွေကျပ် ၁၀၈,၀၀၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင် တအိတ်ကို ၄,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
မြေပဲဆံနီ
မုံရွာကုန်စည်ဒိုင်မှာ မြေပဲဆံနီက တပိဿာကို ၂,၃၀၀ ကျပ်ကနေ ၂,၃၅၀ ကျပ် ပေါက်ဈေးရှိပြီး အောင်လံကုန်စည်ဒိုင်မှာတော့ တပိဿာကို ၂,၃၀၀ ကျပ် ရှိပါတယ်။ မုံရွာနဲ့ အောင်လံကုန်စည်ဒိုင် တပိဿာကို ၅၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။
အခု ဖော်ပြသွားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA











