DVB Logo
Home
မြန်မာသတင်း
ကျောက်တံခါးမြို့နယ်တွင် သိမ်းဆည်းမြေပြန်ရရေး ကြံစိုက်တောင်သူများ ဆန္ဒပြ
DVB
·
May 1, 2018
ကျောက်တံခါးမြို့နယ်တွင် သိမ်းဆည်းမြေပြန်ရရေး ကြံစိုက်တောင်သူများ ဆန္ဒပြ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်ထဲက ကြံစိုက်တောင်သူအင်အား ၁၀၀ လောက်ဟာ အမြန်လမ်းဖောက်လုပ်စဉ်က သိမ်းဆည်းခံခဲ့ရတဲ့လယ်မြေတွေပြန်ရရှိရေးအတွက် ဒီနေ့မနက်က အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင်မှ ၁၀၅ မိုင်အထိ လမ်းလျှောက် ဆန္ဒပြကြတောင်းဆိုကြပါတယ်။

အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၅ မိုင်မှ ၁၀၅ ကြားရှိ ကြံစိုက် တောင်သူတွေရဲ့ မြေယာဧက ၃၀၀၀ ကျော်ကို အရင်အစိုးရလက်ထက်မှာ စက်မှု ၁ ဝန်ကြီးဌာန၊ ကုမ္ပဏီအချို့နဲ့ လုပ်ငန်းရှင်တွေက ဥပဒေမဲ့ သိမ်းဆည်းခဲ့ပြီး အခုအချိန်အထိ နစ်နာကြေး တစုံတရာ မပေးတဲ့အတွက် သူ့တို့ရဲ့မြေယာတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပြုရေး သို့မဟုတ် နစ်နာကြေးပေးဖို့ အတွက် ဆန္ဒပြတာလို့ ဆန္ဒပြသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ဦးအောင်ကြည်က “ကျနော် စိုက်ပျိုးခဲ့တဲ့ ကြံစိုက်ဧက ၁၉ ဧကပါ။ ၁၉၉၆ ခုနှစ်မှာ မြေရိုင်းဖော်ခဲ့ပါတယ်။ ဒီအမြန်လမ်းကြီးဖောက်တော့ အမြန်လမ်းကို တာဝန်ယူ ဖောက်တဲ့သူတွေက လမ်းဘေးကတဲတွေဟာ လုပ်ငန်းခွင်မှ အနှောင့်အယှက်ရှိ တယ်ဆိုပြီး ဖယ်ခိုင်းပါတယ်။ ဒါကြောင့် ကျနော်တို့အကွက်တွေကို မလုပ်နိုင်ခဲ့ပါဘူး။ အမြန်လမ်းပြီးလို့ ပြန်လာချိန်မှာ အခုကျနော်တို့နေရာတွေကို သိမ်းထားပါပြီ။ အခုအချိန်အထိ လျော်ကြေး တစုံတရာမရှိတာကြောင့် ဆန္ဒဖော်ထုတ်ရတာပါ"လို့ ပြောပါတယ်။

အမြန်လမ်းမကြီး ဖောက်လုပ်ရာမှာ လမ်းမကြီးအောက်ပါရှိသွားတဲ့ မြေယာတွေကို ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ သစ်တောစွန့်လွှတ်မြေဆိုရင် ၁ ဧကကို ၂ သိန်းနှုန်း မလွတ်မြေရိုင်းကို ၁၀ သိန်းနှုန်းနဲ့ ၂၀၁၄ ခုနှစ်မှာ လျော်ကြေးငွေ ပေးအပ်ခဲ့ပေမယ့်လည်း စက်မှု (၁) ဝန်ကြီးဌာန၊ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေက အခုအချိန်ထိ လျော်ကြေးတစုံတရာ မပေးသေးတဲ့အတွက် ဆန္ဒပြရတာလို့ ဆိုပါတယ်။

တောကျွဲအင်းဒေသ ကြံစိုက်တောင်သူများတွေက စုပေါင်းဆန္ဒထုတ်ဖော်ထုတ်ပွဲမှာ ပိုစတာတွေ ကိုင်ဆောင်ပြီး သိမ်းဆည်းမြေအားလုံး အမြန်ဆုံးရရှိရေး၊ သမ္မတကြီးရဲ့ မူဝါဒ ၁၀ ချက်နဲ့အညီ ဆောင်ရွက်ပေးရေး၊ နစ်နာကြေး လျော်ကြေး တပြေးညီရရှိရေးစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

သတင်း - ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013