DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးအလုပ်သမားများအတွက် လုံခြုံသည့် လုပ်ငန်းခွင် ဖန်တီးပေးစေလို
DVB
·
May 1, 2018
အမျိုးသမီးအလုပ်သမားများအတွက် လုံခြုံသည့် လုပ်ငန်းခွင် ဖန်တီးပေးစေလို
Donate to DVB

အမျိုးသမီးအလုပ်သမားတွေအတွက် လုပ်ငန်းခွင့်အတွင်း  လိင်ကွဲပြားမှုအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနဲ့ လုံခြုံတဲ့ လုပ်ငန်းခွင် ဖန်းတီးပေးဖို့ မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က တောင်းဆိုလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ မေဒေး ကမ္ဘာ့အလုပ်သမားနေ့မှာ တောင်းဆိုလိုက်တာဖြစ်ပြီး ‘အမေ့လျော့ခံ အမျိုးသမီးအလုပ်သမများ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ရုပ်သံမှတ်တမ်းကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

အဲဒီရုပ်သံမှတ်တမ်းမှာ  ရန်ကုန်အထည်ချုပ်လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေရဲ့ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှု၊ အခွင့်အရေးချိုးဖောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံမှုမရှိတဲ့ အခြေအနေတွေကို တင်ပြထားပါတယ်။

အမျိုးသမီးလုပ်သားတွေ လုံလောက်တဲ့ လုပ်အားခရရှိဖို့ လုပ်ငန်းခွင်အတွင်း ဘေးကင်းလုံခြုံတဲ့ဥပဒေတွေ ထုတ်ပြန်ပေးဖို့လည်း တောင်းဆိုတာလို့ BWU အတွင်းရေးမှူး မယဉ်မျိုးလှိုင်က ပြောပါတယ်။

“ကျမတို့အနေနဲ့ လုပ်ခလစာ ဘယ်လောက်မှ ဖူလုံမလဲဆိုတဲ့ဟာထက်စာရင် လုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့ အလုပ်သမားတွေကို အပြည့်အဝ ကာကွယ်ပေးနိုင်မယ့် ဥပဒေမျိုးတွေကို ကျမတို့ ပိုပြီးတော့မှ လိုချင်တယ်။”

ဒါ့အပြင် လုပ်ငန်းခွင်အတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ ထိထိရောက်ရောက် အရေးယူနိုင်ရေးအတွက် အားကောင်းတဲ့ စနစ်ချမှတ်ဖို့ လိုအပ်ကြောင်းလည်း ပြောပါတယ်။

“လုပ်ငန်းခွင်အတွင်းမှာဆိုရင် အခွင့်အရေး ချိုးဖောက်ခံရတာတွေ အများကြီးရှိတာပေါ့နော်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတဲ့အပြင် တကယ့်စက်ရုံ၊ အလုပ်ရုံတွေမှာ အများစုက အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီအပေါ်မှာ အမျိုးသမီးတွေ ကိုယ်တိုင်ကြုံတွေ့ ခံစားနေရတာက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကြုံနေရတယ်။ အဲလိုမျိုးအပေါ်မှာ တကယ့်အလုပ်ရှင်တွေကလည်း ဒီလိုမျိုး ထိရောက်တဲ့ အပြစ်ပေး အရေးယူမှုတွေ မရှိတဲ့အတွက်ကြောင့် ဒါတွေကို အားကောင်းကောင်းနဲ့ တိုင်ကြားမှုစနစ်ကောင်းကောင်းတွေ လုပ်ပေးဖို့ ပြောချင်ပါတယ်။ ”

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန အလုပ်သမားညွန်ကြားရေး ဦးစီးဌာနရဲ့ ၂၀၁၇ ခုနှစ် လုပ်သားအင်အား စစ်တမ်းအရ မြန်မာနိုင်ငံမှာ  စုစုပေါင်း အလုပ်လုပ်သူ ၂၂ သန်းဝန်းကျင်ရှိပြီး အဲဒီထဲမှာ အမျိုးသမီးအလုပ်သမား ၄၂ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြပါတယ်။

ကုန်ထုတ်လုပ်ငန်းကဏ္ဍ၊ အရောင်းအဝယ်ကဏ္ဍနဲ့ ပညာရေးကဏ္ဍတွေမှာ အမျိုးသမီး အလုပ်သမား အရေအတွက်ဟာ  အမျိုးသားအလုပ်သမားတွေထက် ပိုများတယ်လို့လည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013