DVB Logo
Home
မြန်မာသတင်း
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက လက်မှတ်ရေးထိုးပေးရန် ဆန္ဒပြတောင်းဆို
DVB
·
May 1, 2018
အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက လက်မှတ်ရေးထိုးပေးရန် ဆန္ဒပြတောင်းဆို
Donate to DVB

မေဒေးနေ့ချီတက်ပွဲနဲ့ ဆန္ဒပြပွဲကို မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ဒီကနေ့မနက်က မန္တလေးမြို့မှာ ပြုလုပ်သွားပါတယ်။

အလုပ်သမားတွေက ပြည်ကြီးတံခွန်မြို့နယ် MICS ရုံးမှ ၆၂လမ်း၊ လမ်း ၄၀ ရှိ မနော်ရမ္မန်လူထုဟစ်တိုင်ထိ လမ်းလျှောက်ချီတက်ခဲ့ကြပြီး အနည်းဆုံးလုပ်ခလစာ သတ်မှတ်ချက်ကို အစိုးရက အမြန်ဆုံး လက်မှတ်ရေးထိုးပေးရေး အပါအဝင် ကြွေးကြော်သံ ၅ ချက်နဲ့ ချီတက်တောင်းဆိုခဲ့ကြတာပါ။

အလုပ်သမားတရားရုံးတွေ ပေါ်ပေါက်လာပြီး အပြစ်ရှိတဲ့ အလုပ်သမား၊ အလုပ်ရှင်တွေကို ထိရောက်စွာ အပြစ်ပေးရေးတို့နဲ့ ငွေဒဏ်အစား ထောင်ဒဏ်ချမှတ်ပေးတို့ကိုလည်း အဓိက တောင်းဆိုခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013