DVB Logo
Home
မြန်မာသတင်း
မေဒေးနေ့ အလုပ်မပိတ်သည့် အလုပ်ရှင်ကို အရေးယူရန် အလုပ်သမားများ ချီတက်တောင်းဆို
DVB
·
May 1, 2018
မေဒေးနေ့ အလုပ်မပိတ်သည့် အလုပ်ရှင်ကို အရေးယူရန် အလုပ်သမားများ ချီတက်တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ရှိ တကောင်းနီကယ်စက်ရုံစီမံကိန်းက အလုပ်သမားတွေက  မေ ၁ ရက်မှာ ကျရောက်တဲ့ ၁၂၈ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ ချီတက်ပွဲကို ဒီကနေ့မနက်က ကျင်းပပြီး အလုပ်သမား အခွင့်အရေးတွေအတွက် တောင်းဆိုပါတယ်။

ချီတက်ပွဲဦးဆောင်သူ ဦးထွန်းထွန်းဝင်း  “ကျနော်တို့ အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေဟာ ခေတ်အဆက်ဆက်ကနေ အခုအချိန်အထိ လုပ်ခလစာတွေ၊ အာမခံချက်ရှိတဲ့ ဘဝလုံခြုံမှုတွေေ၊ လူနေမှုဘဝမြှင့်တင်ဖို့တွေ ဒါတွေဟာ အခုအချိန်အထိ နိမ့်ကျနေတုန်းပါ။ လုပ်ငန်းရှင်တွေဟာ ခေတ်အဆက်ဆက်ကနေ အခုအချိန် အထိ အလုပ်သမားတွေအပေါ်မှာ ဖိနှိပ်ချုပ်ချယ်နေဆဲပဲ ဆိုတာ ဒါတွေကို အလုပ်သမားတွေ သိအောင် ကျနော်တို့ တောင်းဆိုချက်တွေ အောင်မြင်အောင် ဆက်လက်လုပ်ဆောင်သွားမှာပါ”လို့ ပြောပါတယ်။

အလုပ်သမားတချို့က မေဒေးနေ့ ချီတက်ပွဲကို လာချင်တဲ့စိတ်ရှိပေမယ့် အကြောက်တရားတွေကြောင့် လုပ်ငန်းခွင်ထဲကနေ မလာနိုင်တာတွေ ရှိတယ်။ မေဒေးနေ့မှာ အလုပ်မပိတ်တဲ့ လုပ်ငန်းရှင်ကို အရေးယူသွားဖို့ ဆက်လက်တောင်းဆိုမယ်လို့လည်း ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

အလုပ်သမားတွေဟာ ထီးချိုင့်မြို့၊ ဧရာဝတီတံတားထိပ်မှာ ဒီကနေ့မနက်က စုစည်းပြီး ဆိုင်ကယ်တွေနဲ့ ထီးချိုင့်မြို့ရှိ ဗိုလ်ချုပ်ကြေးရုပ်တုရှိရာ လာရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း၊ သခင်ဖိုးလှကြီးနဲ့ ခေတ်အဆက်ဆက်က အလုပ်သမား ခေါင်းဆောင်တွေကို အလေးပြုတာနဲ့ မေဒေးနေ့ဖြစ်ပေါ်လာပုံအကြောင်း စာတမ်းတွေဖတ်ခဲ့ကြပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013