DVB Logo
Home
မြန်မာသတင်း
သတ္တုတွင်းလုပ်သားများအတွက် အခြေခံလစာ ပြောင်းလဲသတ်မှတ်ရန် မေဒေးနေ့၌ တောင်းဆို
DVB
·
May 1, 2018
သတ္တုတွင်းလုပ်သားများအတွက် အခြေခံလစာ ပြောင်းလဲသတ်မှတ်ရန် မေဒေးနေ့၌ တောင်းဆို
Donate to DVB

မေလ ၁ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့ကို ကြိုဆိုတဲ့အနေနဲ့ရော အလုပ်သမားအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ပါ အလုပ်သမားနေ့အခမ်းအနားကို ဆားလင်း ကြီးမြို့နယ်၊ စံပယ်၊ ကြေးစင်စီမံကိန်း မြန်မာ-ယန်စီ နဝရတ်ခန်းမမှာ မြန်မာနိုင်ငံ သတ္တုတွင်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်က ကျင်းပပါတယ်။

အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းညွန့်က "အလုပ်သမားတွေ စည်းစည်းလုံးလုံးနဲ့ လုပ်ငန်းတခုကို အကောင်အထည်ဖော်တဲ့ နေရာမှာ အောင်မြင်မှုတွေ၊ စည်းရုံးမှုတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ အစဉ်အဆက်လုပ်ကြတဲ့ သဘောပါ”လို့ ပြောပါတယ်။

မြန်မာ-ယန်စီ ကုမ္ပဏီအတွင်း အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိပါတယ်။ အခြားကုမ္ပဏီ တွေနဲ့စာရင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအပိုင်းမှာ သာလွန်တယ်ဆိုပေမယ့် လိုအပ်ချက်တွေတော့ ရှိနေသေးတယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေရဲ့ စုပေါင်းအားနဲ့ နေ့စားဝန်ထမ်းတွေကိုလည်း လခစားဝန်ထမ်းအဖြစ် ပြောင်းလဲခန့်အပ်လာတယ်လို့ ဆိုပါတယ်။

သတ္တုတွင်းအလုပ်သမားတွေက အခြားအလုပ်သမားတွေလိုမဟုတ်ဘဲ ပိုမိုပင်ပန်းဆင်းရဲတဲ့အတွက် လုပ်ခလစာအနေနဲ့လည်း နိုင်ငံတော်ရဲ့ အခြေခံလစာအတိုင်း မဟုတ်ဘဲ ပြောင်းလဲ သတ်မှတ်ပေးဖို့ တောင်းဆိုထားတာရှိတယ်လို့ ဆိုပါတယ်။

အလုပ်ရှင်၊ အလုပ်သမားကြားဖြစ်ပွားနေတဲ့ အဆင်မပြေမှုတွေကို ပြဋ္ဌာန်းထားတဲ့ဥပဒေနဲ့ အညီ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးဦး သုံးဖလှယ် ညှိနှိုင်းလုပ်ဆောင်ခြင်းအားဖြင့် ကုန်ထုတ်လုပ်မှုတွေ အဆင်ပြေချောမွေ့ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်း အခမ်းအနား တက်ရောက်လာတဲ့အလုပ်သမားတွေက ပြောပါတယ်။

အခမ်းအနားကို အလုပ်သမားသမဂ္ဂ ကိုယ်စားလှယ်တွေက ဘောလုံးကွင်းကနေ ခန်းမအထိ ချီတက်လမ်းလျှောက်ခဲ့ကြပြီး စည်ပင်ဝန်ကြီးကလည်း နိုင်ငံတော်သမ္မတရဲ့ အလုပ်သမား နေ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ အလုပ်သမား ကိုယ်စားလှယ်တွေကလည်း အလုပ်ခွင်အတွင်းက အခက်အခဲ လိုအပ်ချက်တွေကို တင်ပြခဲ့ကြပါတယ်။

ဒီအခမ်းအနားကို သတ္တုတွင်းအလုပ်သမား အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေ၊ အလုပ်သမားသမဂ္ဂတွေ၊ တိုင်းအစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမြင့်ကြည်နဲ့ ဌာနဆိုင်ရာတာဝန်ရှိ သူတွေ စုစုပေါင်း၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013