ချဲလ်ဆီးတွင် ရင်းနှီးမြှုပ်နှံရန် NFL ကြယ်ပွင့် ဘရိုင်ဒီ စိတ်ဝင်စား
DVB
·
November 21, 2026

NFL အမေရိကန်ဘောလုံးလောကရဲ့ ဂန္ထဝင် တော်မ်ဘရိုင်ဒီဟာ ချဲလ်ဆီးအသင်းမှာ ရင်းနှီးမြှုပ်နှံဖို့ ကြိုးပမ်းနေပါတယ်။
ဘရိုင်ဒီဟာ ဘာမင်ဂမ်အသင်းမှာ ပိုင်ဆိုင်ထားတဲ့ ရှယ်ယာတွေကို မကြာသေးမီက ရောင်းချခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းဘက်ကို အာရုံစိုက်လာတာပါ။
ချဲလ်ဆီးပူးတွဲပိုင်ရှင် ဘီဟတ်အက်ဂ်ဘာလီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ ဘရိုင်ဒီဟာ အသင်းမှာ မဲပေးပိုင်ခွင့် ဒါမှမဟုတ် အုပ်ချုပ်မှုအခွင့်အာဏာ ရရှိမှာမဟုတ်ပါဘူး။
အသင်းဘက်က သင့်လျော်တယ်လို့ ယူဆရင်တော့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် ခန့်အပ်ခံရနိုင်ခြေ ရှိနေပါတယ်။
Photo:Reuters











