DVB Logo
Home
မြန်မာသတင်း
ရဲနွယ်ဆည်တမံဘေးတွင် ဆင်ရေကန်ဖွင့်လှစ်မည်
DVB
·
May 1, 2018
ရဲနွယ်ဆည်တမံဘေးတွင် ဆင်ရေကန်ဖွင့်လှစ်မည်
1 / 4
Donate to DVB

 

ရန်ကုန် - မန္တလေး အမြန်လမ်း (၈၃) မိုင်တိုင်အနီးက ရဲနွယ်ဆည်တမံဘေးတလျှောက်မှာ ဆင်ရေကန်တကန် ဖွင့်လှစ်သွားမယ်လို့ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနက ပြောပါတယ်။

အမြန်လမ်း (၈၃) မိုင်တိုင်ကနေ အနောက်ဖက်ကို ဖောက်လုပ်ထားတဲ့ မြို့ချောင်း - စိန်ကန့်လန့်-မင်းလှလမ်းရဲ့ မိုင်ဝက်ခန့်အကွာ၊ မိုင်တိုင် (၆၉/၄) နေရာမှာ ဆင်ရေကန် (ELEPHANT LAKE) ကို တည်ဆောက်သွားမှာလို့ဆိုပါတယ်။

ဒီစီမံကိန်းအတွက် ပန္နရိုက်အခမ်းအနားကို မေလ ၁ ရက်နေ့ မနက်ပိုင်းက ဆင်ရေကန် စီမံကိန်းနေရာမှာကျင်းပခဲ့ပြီး သံယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေက ပါဝင်ခဲ့ပါတယ်။

ဆင်ရေကန် စီမံချက်အတွက် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းနဲ့ သြစတြီးယားနိုင်ငံ၊ FOUR PAWS INTERNATIONAL တို့အကြား နားလည်မှု စာချွန်လွှာ “MOU”ကို ၂၀၁၇ စက်တင်ဘာ ၁၄ ရက်က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

သစ်တောဦးစီးဌာနကတော့ ဆင်ရေကန်အတွက် လိုအပ်တဲ့ ရဲနွယ်သစ်တောကြိုးဝိုင်းရဲ့ မြေနေရာ ၁၇,၀၀၀ ဟက်တာကို အသုံးပြုခွင့် ပေးသွားမှာဖြစ်ပြီး မြန်မာ့သစ်လုပ်ငန်းကလည်း ဆင်ရေကန်အတွက် လိုအပ်တဲ့ ဆင်တွေကို ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။

FOUR FAWS ကတော့ စတင်မယ့် ပထမနှစ်မှာ မြန်မာ့သစ်လုပ်ငန်းက မိဘမဲ့ ဆင် ၇ ကောင်ကို ဆင်ရေကန်ရဲ့မိဘမဲ့ စောင့်ရှောက်ရေးစင်တာကို ပထမအသုတ်အဖြစ် ပေးပို့မယ်လို့ ပြောပါတယ်။

သစ်တောဦးစီးဌာနက မြေနေရာသုံးပြုခွင့်၊ ငှားရမ်းခွင့်တွေကို ဆောင်ရွက်မှာဖြစ်ပြီး မင်္ဂလာမြန်မာ ကတော့ ဒေသခံတွေ ဆင်ဦးစီးတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက် သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013