
၂၀၁၈-၂၀၁၉ ပညာသင်နှစ်ကစပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းကို ပုံစံသစ်နဲ့ ပြောင်းလဲအသုံးပြုမှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ပြောင်းလဲ အသုံးပြုသွားမယ့် တက္ကသိုလ်ဝင်တန်းမေးခွန်း ပုံစံသစ်တွေနဲ့ စပ်လျဉ်းပြီး ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ ပြည်သူတွေ သိရှိနိုင်ဖို့ နေ့စဉ်ထုတ် သတင်းစာတွေ မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မြန်မာစာ ဘာသာရပ် မေးခွန်းပုံစံသစ် တည်ဆောက်ပုံတွေကို မေလ ၂ ရက်၊ အင်္ဂလိပ် စာမေးခွန်းကို မေ ၃ရက်၊ သင်္ချာမေးခွန်းပုံစံသစ်ကို မေ ၄ရက်၊ ဓာတုဗေဒ ကို မေ ၅ရက်၊ ရူပဗေဒပို မေ ၆ရက်၊ ဇီဝဗေဒ ကို မေ၇ရက်၊ ပထဝီဝင် ကို မေ ၈ရက်၊ သမိုင်းကို မေ ၉ရက်၊ ဘောဂဗေဒကို မေ ၁၀ရက် တို့မှာ သတင်းစာတွေမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
အဲ့ဒီနေ့တွေမှာ သက်ဆိုင်ရာဘာသာရပ်အလိုက် မေးခွန်းပုံစံသစ် တည်ဆောက်ပုံနဲ့ ဘာသာရပ်အလိုက် ဆွေးနွေးတင်ပြထားတဲ့ သတင်းဆောင်းပါးတို့ကို ထည့်သွင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်နဲ့ ၀က်ဘ်ဆိုဒ်တို့မှာလည်း ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။










