DVB Logo
Home
မြန်မာသတင်း
တက္ကစီမောင်းသမားကို လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် ပုဒ်မ ၄ခုဖြင့်စွဲချက်တင်
DVB
·
April 30, 2018
တက္ကစီမောင်းသမားကို လူသတ်မှု၊ မုဒိမ်းမှုအပါအ၀င် ပုဒ်မ ၄ခုဖြင့်စွဲချက်တင်
Donate to DVB

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA ဝန်ထမ်းအမျိုးသမီးကို မုဒိမ်းပြုကျင့် သတ်ဖြတ်ခဲ့မှုနဲ့ စွပ်စွဲခံထားရသူ အငှားယာဉ်မောင်း  မျိုးဇော်ဦးကို ပုဒ်မ (၄)ခုနဲ့ ဒီကနေ့ ဧပြီ ၃၀ရက် ရုံးချိန်းမှာ စွဲချက် တင်လိုက်ပါတယ်။

FDA ဌာနရဲ့  ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်း(ခ) ရွှေရည် ( ၂၅)  အသတ်ခံရမှုနဲ့ ပတ်သတ်ပြီး အငှားယာဉ်မောင်း မျိုးဇော်ဦးကို  လုယက်မှု၊ လူသတ်မှု၊ မုဒိန်းမှုနဲ့ ဓမ္မတာနဲ့ဆန့်ကျင် အဓမ္မကျင့်မှုတို့နဲ့ တရားစွဲလိုက်တာဖြစ်ပြီး  ဒီနေ့ရုံးချိန်းမှာ ပြစ်မူတွေအတွက် အပြစ်ရှိလားလို့ တရားသူကြီးက မေးမြန်းရာမှာ သူမကျူးလွန်ကြောင်းနဲ့ အပြစ်မရှိကြောင်း မျိုးဇော်ဦးက  ဖြေဆိုသွားပါတယ်။

ဒါပေမယ့် စစ်ဆေးတွေ့ ရှိချက်တွေနဲ့ တရားလိုပြသက်သေတွေ မူခင်းဆရာဝန်ရဲ ထွက်ဆိုချက်တွေ အားလုံးစစ်ဆေးအပြီးမှာတော့ အရှေ့ ပိုင်းခရိုင်တရားသူကြီးက မျိုးဇော်ဦးကို စွဲဆိုထားတဲ့ ပုဒ်မလေးခုလုံးနဲ့ စွဲချက်စတင်လိုက်ပါတယ်။

စွပ်စွဲခံထားရသူဘက်က  နောက်တပတ်ရုံးချိန်းမှာ သူဖြောင့်ချက်ပေးထားတဲ့ ထွက်ဆိုချက်တွေထဲက မုဒိန်းကျင့်တယ်ဆိုတဲ့ ထွက်ဆိုချက်ကို ပြန်လည်ရုပ်သိမ်းဖို့ တရားရုံးကို လျောက်ထားမယ်လို့သိရပါတယ်။

ဒါ့ပြင် သူ့အတွက် တရားခံပြသက်သေအဖြစ် နောက်တပတ် မေလ ၇ရက်နေ့ ရုံးချိန်းမှာ ထွက်ဆိုပေးမယ့်သူလဲရှိနေပြီိလို့လည်းပြောပါတယ်။

အခုစွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင်တော့ ကျူးလွန်သူဟာ  ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ် ကျခံရနိုင်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013