
ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ပြီး နေရပ်စွန့်ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေအရေးကိစ္စ ဆွေးနွေးဖို့ ဒီကနေ့ ဧပြီ ၃၀ ရက်မွန်းလွဲ ၂ နာရီခွဲလောက်က နေပြည်တော်ကို လေကြောင်းနဲ့ ရောက်ရှိလာပါတယ်။
အဲ့ဒီအဖွဲ့ဟာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညနေ ၃ နာရီခွဲမှာ တွေ့ဆုံမှာဖြစ်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း သီးခြားတွေ့ဆုံ သွားဖို့ အစီအစဉ်ရှိပါတယ်။
ဒါပြင် နှစ်ရက်ကြာမြန်မာပြည်ခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းအခြေအနေကို ကိုယ်တိုင်သွားရောက်လေ့လာဖို့ လည်းရှိနေပါတယ်။
နိုင်ငံတကာသံတမန်တွေပါဝင်တဲ့ လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ကာ ရခိုင်ပြည်နယ်က စွန့်ခွာထွက်ပြေးသွားသူတွေနဲ့ တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပါတယ်။
ဒီအဖွဲ့မှာ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ပြင်သစ်၊ ယူကေ၊ အမေရိကန်နိုင်ငံတွေက သံတမန်တွေအပြင် အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံ ၁၀နိုင်ငံက သံမတမန်တွေလည်းလိုက်ပါလာတာဖြစ်ပါတယ်။










