DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်က မငြိမ်သက်မှုများ​နှင့်​ပတ်သက်ပြီး​ နယ်ခံအချို့​ အဖမ်း​ခံ​နေရ
DVB
·
June 18, 2012
ရခိုင်ပြည်နယ်က မငြိမ်သက်မှုများ​နှင့်​ပတ်သက်ပြီး​ နယ်ခံအချို့​ အဖမ်း​ခံ​နေရ
Donate to DVB

ရခိုင်ပြည်နယ်အတွင်း​မှာ ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​ မငြိမ်သက်မှု​တွေနဲ့​ဆက်စပ်လို့​ နယ်ခံ ရခိုင်ပါတီဝင်တချို့​နဲ့​ ရွာသား​တချို့​ကို အာဏာပိုင်​တွေက ဖမ်း​ဆီး​ထိန်း​သိမ်း​ထား​ပါတယ်။

အ​ရေး​ပေါ် အ​ခြေအ​နေကာလ အခုလို ဖမ်း​ဆီး​မှု​တွေမှာ အပြစ်မဲ့​သူ​တွေလည်း​ အဖမ်း​ခံ​နေရတယ်လို့​ ​ဝေဖန်တာ​တွေလည်း​ရှိ​နေပါတယ်။

[caption id="attachment_26724" align="alignright" width="300" caption="ရခိုင်ပြည်နယ် စစ်​တွေမြို့​ (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ရခိုင်ပြည်နယ် ​ကျောက်​တော်မြို့​အနီး​ ​ကျေး​ရွာတရွာက ရွာသား​ ၉ ဦး​ကို နယ်ခံစစ်တပ်က ဖမ်း​ဆီး​ထား​တဲ့​အတွက် ​ကျောက်​တော်မြို့​ခံရာနဲ့​ချီပြီး​ တနင်္ဂ​နွေ​နေ့​ ​နေ့​လယ်ပိုင်း​မှာ ဆန္ဒပြခဲ့​ကြပါတယ်။

ကျောက်​တော်မြို့​အနီး​ အစ္စလာမ်ဘာသာဝင်​တွေ အများ​စု​နေထိုင်တဲ့​ ရွာတရွာက အိမ်တချို့​ ဒီရက်ပိုင်း​မှာ မီး​လောင်သွား​တဲ့​နောက်မှာ အနီး​အနား​ ရခိုင်ရွာက ရွာသား​တွေကို စစ်တပ်က စ​နေ​နေ့​ ည​နေပိုင်း​က ဖမ်း​ဆီး​သွား​တာပါ။

ရွာသား​ ၉ ​ယောက်ကို ဖမ်း​ပြီး​နောက် ​ကျောက်​တော်မြို့​က ရဲစခန်း​ အချုပ်ထဲမှာ ဖမ်း​ထား​တာဖြစ်တဲ့​အတွက် မြို့​ခံ ရခိုင် ၅၀၀ ​လောက်က မြို့​ထဲက ပန်း​ခြံတခုမှာ စု​ဝေး​ပြီး​ ဆန္ဒပြ​နေကြတာပါ။

ဆန္ဒပြသမား​တ​ယောက်က “​ကျောက်​တော်မြို့​မြောက်ဘက် ၄ မိုင်အကွာ​လောက်မှာ နဂယာဆိုတဲ့​ ရွာ​လေး​တရွာ ရှိတယ်။ အဲဒီရွာက​နေ ဘုန်း​ကြီး​ကျောင်း​ဘေး​မှာ ရပ်ရွာလုံခြုံ​ရေး​၊​ ဘုန်း​ကြီး​ကျောင်း​အတွက် လုံခြုံ​ရေး​ရှိတယ်။ အဲဒီလုံခြုံ​ရေး​ကို မ​နေ့​ည​နေ ၆ နာရီ​လောက်က ဗျူဟာမှူး​ကိုယ်တိုင် ဖမ်း​ပြီး​တော့​ အချုပ်ထဲထည့်​ထား​တယ်။ အဲဒါကိုလူ​တွေက ​တောင်း​ဆိုကြမလို့​၊​ အဲဒါကို တပ်မ​တော်ကလာပြီး​ အသံချဲ့​စက်နဲ့​အော်​နေပါတယ်။ လူစုကွဲဖို့​ ကြိုး​စား​နေတယ်။ လူထုက​တော့​ လုံး​ဝမကွဲဘူး​။ ”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က မငြိမ်မသက်မှု​တွေ ဖြစ်ပြီး​နောက် အခုအချိန်အထိ ရခိုင်ပြည်နယ်ဟာ အ​ရေး​ပေါ် အ​ခြေအ​နေ​အောက်မှာ ရှိ​နေပြီး​ စစ်တပ်က လုံခြုံ​ရေး​ကို အဓိက တာဝန်ယူ​နေတာဖြစ်ပါတယ်။

ကျောက်​တော်မြို့​ပေါ်အပါအဝင် အနီး​အနား​က ရွာ​တွေမှာ အခုအချိန်အထိ ရွာသား​တွေက ​နေ့​ရောညပါ လုံခြုံ​ရေး​ယူ​နေကြတုန်း​ပဲလို့​ ဆန္ဒပြသမား​တွေက ​ပြောပါတယ်။

ဒါ​ကြောင့်​ ရခိုင်လူထုကို နယ်ခံ စစ်တပ်က အပြည့်​အဝ အကာအကွယ် မ​ပေး​ဘူး​လို့​ မ​ကျေမနပ်​ပြောဆိုတာ​တွေလည်း​ ရှိ​နေပါတယ်။

“ရခိုင်ပြည်သူ​တွေ ဘယ်လိုလုပ်ကြမလဲ၊​ ဒီဗွီဘီကတဆင့်​ ​ပြော​ပေး​ပါဦး​။ ကျ​နော်တို့​ ရခိုင်ပြည်သူ​တွေက တပ်မ​တော်ကို ​ကြောက်​နေရမှာလား​၊​ ပြည်သူကို တပ်မ​တော်က အကာအကွယ်မ​ပေး​ဘူး​လား​။ အဲဒါတချက်​လောက် ​ပြော​ပေး​ပါ။”

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က​တော့​ ရခိုင်ပြည်နယ်တွင်း​မှာ ဆူပူမှု​တွေ ဖြစ်​အောင် လုပ်ဖို့​ စီစဉ်​နေတယ်တဲ့​ လူတချို့​ကို ဖမ်း​ထား​တဲ့​အ​ကြောင်း​ အစိုး​ရသတင်း​စာမှာ ​ဖော်ပြပါတယ်။

ဒီအ​တောအတွင်း​မှာပဲ စစ်​တွေမှာ အ​ခြေစိုက်တဲ့​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီ (အာလ်အန်ဒီပီ) ပါတီဝင် ၃ ဦး​လည်း​ အဖမ်း​ခံထား​ရတယ်လို့​ ​ပြောပါတယ်။

ဒီလဆန်း​ပိုင်း​ စစ်​တွေမြို့​က ရဲစခန်း​ရှေ့​မှာ ​ဈေး​အခွန်ကိစ္စနဲ့​ပတ်သက်လို့​ မ​ကျေနပ်လို့​ ဆန္ဒပြခဲ့​တဲ့​ ကိစ္စနဲ့​ပတ်သက်ပြီး​ အဖမ်း​ခံထား​ရတဲ့​အ​ကြောင်း​ အာအန်ဒီပီ ပါတီရဲ့​အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လှ​စောက ​ပြောပါတယ်။

“ပါတီမှာ ​အောက်​ခြေက စည်း​ရုံး​ရေး​မှူး​ တ​ယောက်ပါတယ်။ အဲဒါနဲ့​ ပတ်သက်ပြီး​တော့​ စိတ်ကသိက​အောက် ဖြစ်ရတယ်။ ပြည်သူ့​လွှတ်​တော် ကိုယ်စား​လှယ် ဦး​ထွန်း​အောင်​ကျော်က​နေပြီး​ ​ဆွေး​နွေး​တယ်။ အဲဒီမှာ စခန်း​မှူး​က ဒီလူက ခဲနဲ့​ပေါက်မှုနဲ့​ တရား​စွဲပြီး​ ​ထောင်ထဲပို့​လိုက်ပြီဆိုပြီး​ ဘာမှမ​ဆွေး​နွေး​ဘဲ ပြန်လွှတ်လိုက်တယ်။ အဲဒါမျိုး​တွေက မဖြစ်သင့်​ဘူး​။ အတည်ငြိမ်ဆုံး​ ​ကောင်း​အောင်လုပ်​နေတာ၊​ အ​ပေါ်မှာရှိတဲ့​ လူကြီး​တွေကလုပ်​နေတယ်။ ​အောက်​ခြေမှာ ဝန်ထမ်း​တွေက ​ဆောင့်​ကြွား​ကြွား​ လုပ်​နေတာ​တွေက ​တော်​တော်ဆိုး​တယ်။ ကျ​နော်တို့​လည်း​ ​စောင့်​ကြည့်​နေပါတယ်။ အဲဒါကို စခန်း​မှူး​ထက်မြင့်​တဲ့​ လူ​တွေနဲ့​ ​ဆွေး​နွေး​ပါမယ်။ အခုဖမ်း​ထား​တဲ့​လူက ကျ​နော်တို့​ပါတီက လူကြီး​တွေနဲ့​ တကယ့်​ကို ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ဖြစ်​အောင် ​ဖြေရှင်း​ပေး​နေတာ။ အဲဒီလူကိုဖမ်း​မယ်ဆိုရင် ကျ​နော်တို့​ကိုလည်း​ ဖမ်း​ပါ၊​ ဦး​ထွန်း​အောင်​ကျော်တို့​ အမတ်​တွေလည်း​ပါတယ်။ ပါတီကလူကြီး​တွေ အကုန်ပါတယ်။ ဖမ်း​ရင်အကုန်ဖမ်း​ရမယ်။ အဲဒီ​နေ့​က ပြဿနာ​တွေ မဖြစ်သင့်​အောင် ထိန်း​သိမ်း​ခဲ့​ပေး​တဲ့​သူပဲ။ ကျ​နော်တို့​ ​သေချာ​ပေါက် အာမခံနိုင်ပါလျက်နဲ့​ ဖမ်း​ထား​တယ်ဆိုတာ တခုခု​တော့​ မှား​နေပြီ။”

ရခိုင်ပြည်နယ်ကို အ​ရေး​ပေါ် အ​ခြေအ​နေ​ကြေညာထား​တာ ၁ ပတ် ​ကျော်လာပြီဖြစ်ပြီး​ အ​ခြေအ​နေကလည်း​ စိုး​ရိမ်ရတဲ့​အ​ခြေအ​နေ မရှိ​တော့​ဘူး​လို့​ ဦး​လှ​စောက ​ပြောပါတယ်။

“စစ်အုပ်ချုပ်​ရေး​ဆို​ပေမယ့်​ အရင်တုန်း​ကလို ၈၈ တုန်း​ကလို စစ်အုပ်ချုပ်​ရေး​ ပုံစံ​တော့​မဟုတ်ဘူး​။ စစ်​တွေမြို့​ပေါ်မှာလည်း​ အုပ်ချုပ်​ရေး​ချထား​ပေမယ့်​ ကျ​နော်တို့​ တင်း​တင်း​ကျပ်ကျပ်​တော့​ မဟုတ်ဘူး​။ ဒါ​ပေမယ့်​ တခါတခါ ဖမ်း​ဆီး​ထိန်း​သိမ်း​တဲ့​ အခါမှာကျ​တော့​ အဲဒီလို အပြစ်မဲ့​တဲ့​သူ​ကော၊​ အပြစ်ရှိသူ​တွေ​ကော သိမ်း​ကျုံး​ဖမ်း​သွား​တာမျိုး​ရှိတယ်။ ကျ​နော်တို့​ ပါတီက​တော့​ အတတ်နိုင်ဆုံး​ ငြိမ်း​ချမ်း​ရေး​ရ​အောင် ဒုက္ခ​ရောက်​နေတဲ့​သူကိုလည်း​ တတ်နိုင်သ​လောက် လုပ်​နေပါတယ်။ အာဏာရအဖွဲ့​အစည်း​လည်း​ မဟုတ်ဘူး​၊​ စစ်တပ်လည်း​မရှိဘူး​၊​ လက်နက်လည်း​ မရှိဘူး​၊​ ဒါ​ပေမယ့်​ ​အေး​အေး​ချမ်း​ချမ်း​နဲ့​ ဒီမိုက​ရေစီ စနစ် အကူး​အ​ပြောင်း​မှာ ဒီလိုမဖြစ်​အောင် အတတ်နိုင်ဆုံး​ လုပ်​နေပါတယ်။”

ဒါ​ပေမယ့်​ အာဏာပိုင်​တွေရဲ့​ ဒီရက်ပိုင်း​ ဖမ်း​ဆီး​မှု​တွေကို​တော့​ ဆင်ဆင်ခြင်ခြင် လုပ်ဖို့​ သင့်​တယ်လို့​ ဦး​လှ​စောက ​ပြောပါတယ်။

ပြီး​ခဲ့​တဲ့​ ရက်ပိုင်း​က ဖြစ်ခဲ့​တဲ့​ ရခိုင်ပြည်နယ်က မငြိမ်သက်မှု​တွေအတွင်း​ လူ​ပေါင်း​အနည်း​ဆုံး​ ၅၀ ​သေဆုံး​သွား​ပြီး​ လူ​ထောင်​ပေါင်း​များ​စွာ အိုး​အိမ်မဲ့​ဖြစ်သွား​ပြီး​ မြို့​ပေါ်က ဘုန်း​ကြီး​ကျောင်း​တွေမှာ ခိုလှုံ​နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013