DVB Logo
Home
မြန်မာသတင်း

ကယားပြည်​နယ်​အစိုးရအ​ဖွဲ့ ရပ်​ကျေးအုပ်​ချုပ်​​ရေးမှူးများနှင့်တွေ့ဆုံ၊ အဂတိကင်းရှင်းရန်တိုက်တွန်း

DVB
·
April 30, 2018
ကယားပြည်​နယ်​အစိုးရအ​ဖွဲ့ ရပ်​ကျေးအုပ်​ချုပ်​​ရေးမှူးများနှင့်တွေ့ဆုံ၊ အဂတိကင်းရှင်းရန်တိုက်တွန်း
1 / 2
Donate to DVB

 

ကယားပြည်​နယ်​အစိုးရအဖွဲ့နဲ့ ​ရွေး​ကောက်​ခံထားရတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်​ချုပ်​​ရေးမှူး ​တွေ ​တွေ့ဆုံပွဲကို ဒီ​နေ့ မနက်က ​လွိုင်​​ကော်​မြို့ ပြည်​နယ်​ခန်းမမှာ ပြုလုပ်​ခဲ့ပါတယ်​။

တတိယအကြိမ်​ ပြင်​ဆင်​ပြဌာန်းလိုက်​တဲ့ ရပ်​/​ကျေးအုပ်​ချုပ်​​ရေးမှူးများ ​ရွေး​ကောက်​ တင်​​မြှောက်​ခြင်းဥပ​ဒေအရ ရွေးကောက်ခံထားရတဲ့ အုပ်ချုပ်ရေးမှူးတွေကို ပြည်နယ်အစိုးရအဖွဲ့က ပထမဆုံးတွေ့ဆုံခဲ့တာပါ။

ကယားပြည်​နယ်​ ဝန်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုက "ကယားပြည်​နယ်​အစိုးရရဲ့ အုပ်​ချုပ်​​ရေးမဏ္ဍိုင်​ကြီး အရှိန်​အဟုန်​နဲ့ လည်​ပတ်​​ဆောင်​ရွက်​တဲ့​နေရာမှာ​သော်​လည်း​ကောင်း၊ ပြုပြင်​​ပြောင်းလဲမှု အခန်းကဏ္ဍများကို အရှိန်​အဟုန်​နဲ့ လုပ်​​ဆောင်​ကြိုးပမ်းတဲ့​နေရာမှာ ​သော်​လည်း​ကောင်း ယခု ဒီအစည်းအ​ဝေးမှာ တက်​​ရောက်​တဲ့ ပြည်​နယ်​အတွင်းမှာရှိတဲ့ ရပ်​ကွက်​၊ ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး​တွေရဲ့ အခန်းကဏ္ဍဟာ အုပ်​ချုပ်​​ရေးမဏ္ဍိုင်​ကြီးမှာ အင်​မတန်​မှ အ​ရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်​​နေတယ်​ဆိုတာ သိ​ထား​စေလိုပါတယ်​။"လို့ ​​တွေ့ဆုံပွဲ အဖွင့်​မိန့်​ခွန်းမှာ ပြောပါတယ်​။

ဒါ့အပြင်​ ပြည်​နယ်​တိုးတက်​ဖို့နဲ့ နိုင်​ငံတိုးတက်​ဖို့ ကြိုးပမ်းလုပ်​​ဆောင်​တဲ့​နေရာမှာ ရပ်​ကွက်​၊ ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး​တွေရဲ့ အားကို မဖြစ်​မ​နေယူရတာဖြစ်​ပြီး အဂတိကင်းရှင်းတဲ့ ဝန်​ထမ်းတွေ အဖြစ်​ ရပ်​တည်​ကြဖို့ ဝန်​ကြီးချုပ်​က ​တိုက်​တွန်းပါတယ်​။

တွေ့ဆုံပွဲကို တက်​​ရောက်​လာတဲ့ ရပ်​ကွက်​၊ ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး​တွေက အုပ်​ချုပ်​​ရေးမှူးရုံး​တွေ တည်​​ဆောက်​​​​ပေး​ရေး၊ ရပ်​ကွက်​/ ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး​တွေရဲ့ ခံစားခွင့်​ တိုးမြှင့်​​ပေး​​ရေး၊ စိုက်​ပျိုးစရိတ်​ ​ချေး​ငွေကို စိုက်​ပျိုးချိန်​အမီ ထုတ်​​ပေး​ရေး၊ မူးယစ်​​ဆေးဝါးပြဿနာထိ​ရောက်​စွာ နှိမ်​နှင်း​​ရေး၊ ​လမ်း၊ မီးနဲ့ရေ ​ကောင်းမွန်​​ဖို့ လုပ်​ငန်းတိုးချဲ့ ​ဆောင်​ရွက်​​ပေး​ရေး၊ သစ်​​တော ထိန်းသိမ်း​ရေးနဲ့ ​မြေယာအငြင်းပွားမှု ထိ​ရောက်​စွာ ​ဖြေရှင်း​ရေးစတဲ့ ကိစ္စရပ်​​တွေကို ဝန်းကြီးချုပ်​ထံ တင်​ပြခဲ့ကြပါတယ်​။

အခုလို ကယားပြည်​နယ်​အစိုးရအဖွဲ့နဲ့ ရပ်​ကွက်​၊ ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူး​တွေ ​တွေ့ဆုံတဲ့ပွဲကို အန်​အယ်​လ်ဒီအစိုးရ လက်​ထက်​မှာ ဒုတိယအကြိမ်​ ပြုလုပ်​တာဖြစ်​ပါတယ်​။

ကယားပြည်​နယ်​တွင်​ ခရိုင်​ ၂ ခု၊ မြို့နယ်​ ၇ မြို့နယ်​၊ မြို့ ၃ မြို့၊ ရပ်​ကွက်​ ၄၄ ခု၊ ​ကျေးရွာအုပ်​​စု​ ၇၄ ခုရှိပြီး ​ကျေးရွာ​ပေါင်း ၅၁၇ ရွာရှိပါတယ်​။

တစ်​ပြည်​နယ်​လုံး အတိုင်းအတာအ​နေနဲ့ ​ကျေးရွာအုပ်​စုအုပ်​ချုပ်​​ရေးမှူးရုံး ၂၆ ရုံးသာ ရှိတာ​ကြောင့် အုပ်ချုပ်​​ရေးမှူး​ရုံး​တွေ တိုးချဲ့တည်​​ဆောက်​ဖို့ လုပ်​​ဆောင်​​နေပြီး ဘဏ္ဍာ​ရေး အခက်​အခဲက​တော့ရှိ​နေတယ်​လို့ ဝန်​ကြီးချုပ်​က ​ဆိုပါတယ်​။

ဒီ​တွေ့ဆုံပွဲမှာ ကယားပြည်​နယ်​ ဝန်​ကြီးချုပ်​ ဦးအယ်​လ်​​ဖောင်းရှိုအပါအဝင်​ ပြည်​နယ်​အစိုးရ ဝန်​ကြီး​တွေ၊ ဌာနဆိုင်​ရာ ပုဂ္ဂိုလ်​​တွေနဲ့ ​ရပ်​ကွက်​၊ ​ကျေးရွာအုပ်​စု အုပ်​ချုပ်​​ရေးမှူး​တွေ တက်​​ရောက်​ခဲ့ကြပါတယ်​။

သတင်း၊ ဓာတ်​ပုံ - ခွန်းတူးတူး​လေး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013