DVB Logo
Home
မြန်မာသတင်း
ထိန်ပင်အမှိုက်ပုံမီး ငြှိမ်းသတ်ပေးနေသူများအတွက် အလှူပစ္စည်းများကို ကွပ်ကဲရေးရုံးကစီမံနေ   
DVB
·
April 30, 2018
ထိန်ပင်အမှိုက်ပုံမီး ငြှိမ်းသတ်ပေးနေသူများအတွက် အလှူပစ္စည်းများကို ကွပ်ကဲရေးရုံးကစီမံနေ   
Donate to DVB

 

ရန်ကုန်၊ လှိုင်သာယာ၊ ထိန်ပင်အမှိုက်ပုံမီးလောင်တာကို ကူညီငြှိမ်းသတ်ပေးနေသူတွေကို စားသောက်စရာတွေ ပေးဝေရာမှာ စည်ပင်နဲ့ထွေအုပ်က တာဝန်ယူစီမံခန့်ခွဲလိုက်ပြီးနောက် အဆင်မပြေတာတွေရှိလာတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မီးငြှိမ်းသတ်ကာစက အလှူရှင်တွေက  မီးလောင်ပြင်ထဲကို သွားရောက်ပြီး အစားအစာ၊ ရေနဲ့ ပစ္စည်းတွေ တိုက်ရိုက်ပေးလို့ရခဲ့ပေမယ့် အခုတော့ အမှိုက်ပုံဝင်း အဝင်ဝမှာရှိတဲ့ ကွပ်ကဲရေးရုံးမှာပဲ ပစ္စည်းတွေ ထားခဲ့ရတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။

မီးငြှိမ်းသတ်ရာမှာ ကူညီပေးနေတဲ့ အဖွဲ့သားတယောက်က “၂၇ ရက်နေ့ မနက်အထိ လာပြီးလှူကြတယ်။ ၂၈ ရက် ညပိုင်းမှာတော့ ထမင်းထုပ်မရလို့ ကျနော်တို့ပဲ ငွေစုပြီး သွားဝယ်စားရတယ်။ ဒီနေ့မှာတော့ ကွပ်ကဲရေးရုံးမှာ စာရင်းပေးပြီး သွားတောင်းတော့ ထမင်းထုပ်၊ ရေဘူး စတာတွေ ရတယ်” လို့ ပြောပါတယ်။

ဧပြီ ၂၉ ရက်၊ မနေ့ ညနေပိုင်းက မီးသတ်တပ်ဖွဲ့ဝင်တယောက် ထမင်းမစားရသေးလို့ ထမင်းထုပ် သွားယူရာမှာ မပေးဘူးဆိုပြီး အခြေအတင်ပြောကြတဲ့ ဗွီဒီယိုဖိုင်တခုလည်း လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။

လူမှုကွန်ရက်မှာ တက်သွားတာဟာ နားလည်မှုလွဲတာ ဖြစ်တယ်လို့ ကွပ်ကဲရေးရုံးက တာဝန်ရှိသူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန လက်ထောက် အင်ဂျင်နီယာချုပ် ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။

“ကျနော်တို့က မနက် ၈ နာရီတိုင်းမှာ အစည်းအဝေးလုပ်တယ်။ အဲဒီမှာရှိတဲ့ အဖွဲ့အစည်း တွေက လူစာရင်းပေးရတယ်။ မနေ့ကတော့ မီးသတ်က ၈၀၀ စာရင်းပေးပြီး သူတို့ကို တိုက်ရိုက်လှူတာ လူ ၃၀၀ စာ ရှိလို့ ၅၀၀ အတွက် ယူမယ်ပြောတယ်။ မီးသတ်ရဲဘော်လာတော့ ခဏစောင့်ဖို့ ပြောပြီး မီးသတ်အရာရှိကို ဖုန်းဆက်လှမ်းမေးတယ်။ အားလုံးအတွက် ယူထား ပြီးပါပြီ၊ သူတို့လိုက်ပေးပါ့မယ်လို့ ပြောတယ်။ ဒါကြောင့် ထမင်းမပေးတာပါ။ ရှေ့မှာလည်း စောင့်နေတဲ့ တခြား အဖွဲ့တွေ ရှိနေတယ်လေ။ ဒါပေမယ့် သူ့ကို မုန့်တွေကျွေးပါတယ်” လို့ ပြောပါတယ်။

မီးလောင်ပြင်မှာ ငြှိမ်းသတ်ကူညီနေတဲ့ အဖွဲ့အစည်းပေါင်း ၂၈ ခု ရှိပြီး မနက်စာကို လူ ၁၅၀၀ ဝန်းကျင်၊ နေ့လယ်စာကို လူ ၂၀၀၀ လောက်နဲ့ ညစာကို လူ ၁၈၀၀ လောက်အထိ ကျွေးမွေးနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဒီလို ကျွေးမွေးဖို့ လာလှူသူတွေပေးတာနဲ့ ချင့်ချိန်ပြီး စည်ပင်က ချက်ပြုတ်ပေးနေတာ လို့လည်း သူက ပြောပါတယ်။

“လှူတဲ့ သူတွေက မီးသတ်သမားတွေ လက်ထဲကို ထည့်ပေးချင်တာ။ ဒါပေမယ့် အန္တရာယ်များတယ်။ စက်ယန္တရားတွေ အလုပ်လုပ်နေကြတာလေ။ ကျနော်ပြောချင်တာက ဒီမှာ ရှိသမျှလူတွေကို လုံလုံလောက်လောက် ကျနော်တို့ ပေးနေပါတယ်” လို့ ဒေါက်တာ အောင်မြင့်မော်က ပြောပါတယ်။

ထိန်ပင် အမှိုက်ပုံမီးလောင်တာကို အပိုင်း ၄ ခုခွဲ ငြှိမ်းသတ်နေပြီး မနေ့ကတော့ အပိုင်း A ကို ငြှိမ်းသတ် အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013