DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေမြို့ မိုင်းသောက်ကျေးရွာအုပ်စုက မြေသိမ်းခံတောင်သူများ ဆန္ဒပြ
DVB
·
April 30, 2018
ညောင်ရွှေမြို့ မိုင်းသောက်ကျေးရွာအုပ်စုက မြေသိမ်းခံတောင်သူများ ဆန္ဒပြ
1 / 4
Donate to DVB

 

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းသောက်ကျေးရွာအုပ်စုထဲရှိ သိမ်းဆည်းခံ မြေယာတွေကို သက်ဆိုင်ရာက ပြန်လည်စွန့်လွှတ်ပေးဖို့ တောင်သူမိသားစုတွေစုပေါင်းပြီး ဒီကနေ့ မနက် ဆန္ဒပြတောင်းဆိုပါတယ်။

ပါနွေးမီးသွေးဖုတ်ရွာ၊ ပါနွေးအလယ်ရွာ၊ ပါနွေးမြောက်ရွာ၊ ပါနွေးဓနုရွာနဲ့ ပေပင်ကျေးရွာ ၅ ရွာက တောင်သူ ၂၁ ဦးရဲ့ စိုက်ပျိုးမြေဧက ၄၃.၅၉ ကို ၁၉၉၁ ခုနှစ်က အာဏာပိုင်တွေရဲ့ သိမ်းယူခံခဲ့ရတာဖြစ်ပါတယ်။

အခုလက်ရှိ အဲ့ဒီမြေတွေကို မြတ်မင်္ဂလာဟိုတယ်က ၂၁.၈၂ ဧကနဲ့ ဗီလာအင်းလေး ဟိုတယ် ၂၁.၇၇ ဧကကို လုပ်ကိုင်ခွင့်ရထားပါတယ်။

ဒီမြေတွေပြန်ရဖို့ သက်ဆိုင်ရာဌာနတွေနဲ့ ကိုယ်စားလှယ်တွေကို တင်ပြထားပေမယ့် ဘာမှ ထူးခြားလာတာမရှိလို့ တောင်သူတွေက ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013