DVB Logo
Home
မြန်မာသတင်း
စာတတ်မြောက်​​ရေး မော်​လမြိုင်​တက္ကသိုလ်​​ကျောင်းသားများ ကူညီသင်​ကြား​ပေး
DVB
·
April 30, 2018
စာတတ်မြောက်​​ရေး မော်​လမြိုင်​တက္ကသိုလ်​​ကျောင်းသားများ ကူညီသင်​ကြား​ပေး
Donate to DVB

မွန်​ပြည်​နယ်​၊ သထုံမြို့နယ်မှာဆောင်ရွက်နေတဲ့  ၂၀၁၈ ခုနှစ် ​အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ မော်​လမြိုင်​တက္ကသိုလ်​က လုပ်​အား​ပေး​ ကျောင်းသား​ ကျောင်းသူတွေ ပါဝင်​ကူညီ သင်​ကြား​ပေးနေပါတယ်။

သထုံမြို့နယ်ပညာရေးမှူးရုံး ဒုမြို့နယ်​ပညာ​ရေးမှူးဦး​အောင်​ဆန်းက “၁၉၈၀ ပြည့်နှစ်​​လောက်​က​တော့ တ​နိုင်​ငံလုံး အတိုင်းအတာနဲ့ ကျောင်းသား ​ကျောင်းသူ​တွေကို "အ"သုံးလုံး သင်​ကြား​ပေးခဲ့ဖူးတယ်​။ နောက်​ပိုင်းမှာ ပညာ​ရေးဌာနက ဆရာ၊ ဆရာမ​တွေပဲ နွေရာသီမှာ စာမတတ်​သူ​တွေကို လက်​လှမ်းမီသ​လောက် ​သင်​ကြား​ပေးခဲ့တာ​တွေ ရှိခဲ့တယ်​။ အခုလို တက္ကသိုလ်​​ ကျောင်းသား ​ကျောင်းသူ​တွေ လုပ်​အား​ပေးလာပြီး သင်​ကြား​ပေးတာ ပထမဆုံးအကြိမ် ဖြစ်​တယ်​”လို့ ပြောပါတယ်။

မော်​လမြိုင်​တက္ကသိုလ်​က ကထိကဆရာမကြီးတ​ဦး ​ခေါင်း​ဆောင်​​တဲ့ ကြီးကြပ်​သူ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား ​ကျောင်းသူ အဖွဲ့ဝင်​ ၅၀ လောက် ပါဝင်​တဲ့ စာတတ်​​မြောက်​​ရေး လုပ်​အား​ပေးအဖွဲ့က သထုံမြို့နယ်​အတွင်း​မှာရှိတဲ့ ကျေးရွာ ၂၂ ရွာက စာမတတ်တဲ့သူတွေကို သင်​ကြား​ပေးနေကြတာပါ။

အ​ခြေခံစာတတ်​​မြောက်​​ရေးလုပ်​ငန်းမှာ ​စာမတတ်​သူ ၁၀ ဦးလောက်ရှိတဲ့ စာသင်​ဝိုင်း တဝိုင်းကို လုပ်​အား​ပေး​ ကျောင်းသား ​ကျောင်းသူ နှစ်​ဦး၊ ၁ ရက်​ ​သင်​ကြားချိန်​ ၃ နာရီနဲ့ တ​မြို့နယ်​လုံးေ​ကျးရွာ ၂၂ ရွာရှိ စာသင်​ဝိုင်း ၂၅ ဝိုင်း ဧပြီ ၉ ရက်​ကနေ ​မေလ ၁၈ ရက်​​နေ့အထိ သင်​ကြား​ပေးသွားမှာ ဖြစ်ပါတယ်။

ယခုနှစ် ​မတ်​လအတွင်း ကောက်​ယူထား​တဲ့ စာရင်းဇယားအရ သထုံမြို့နယ်​အတွင်း​မှာ ကျေးရွာ​ပေါင်း ၂၂ ရွာမှာ စာမတတ်​သူ ၂၆၆ ဦးရှိကြောင်း မြို့နယ်​ပညာ​ရေးမှူးရုံးမှတ်​တမ်းအရ သိရပါတယ်။

ဒုံဝန်းကျေးရွာမှ အခြေခံစာလာရောက်သင်ကြားနေသူတဦးက “အရင်က စာမသင်ခဲ့ရဘဲ ခုမှ ပြန်သင်နေရတာ ဆိုတော့ နည်းနည်းတော့ ခက်တာပေါ့။ ငယ်ငယ်က စာသင်ချင်ပေမယ့် လည်း မိဘလုပ်ငန်းမှာ ဝိုင်းကူနေရလို့ မသင်ဖြစ်ခဲ့တာပါ။ ခုတောင် မအားတဲ့ကြားက တတ်ချင်လွန်းလို့ လာသင်တာပါ။ စာရေးတတ် ဖတ်တတ်ရင်တော့ သူများ လိမ်ညာတာ မခံရတော့ဘူး”လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် ​သန်း​ခေါင်​စာရင်းအရ မြန်​မာနိုင်​ငံ လူဦး​ရေ ၁၀ ဒသမ ၅ ရာခိုင်​နှုန်းဟာ စာမတတ်သူတွေ ဖြစ်​ကြပြီး ဘက်​စုံလွှမ်းခြုံနိုင်​တဲ့ ပညာ​ရေးကဏ္ဍ​ လေ့လာသုံးသပ်​​ရေးလုပ်​ငန်း (CESR) အစီရင်​ခံစာအရ မြန်​မာနိုင်​ငံရဲ့ ကျောင်း​နေအရွယ်​ က​လေး ၂ ဒသမ ၇ သန်းမှာ ​ကျောင်းမ​နေဖူးသူ သို့မဟုတ် ကျောင်းထွတ်​​စောသူတွေ ဖြစ်​​တယ်လို့ ပညာရေးဌာန သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လူထုအ​ခြေပြု သက်​ကြီးစာတတ်​​မြောက်​​ရေး ‘အ’သုံးလုံး လှုပ်​ရှားမှုကို ၁၉၆၄ ခုနှစ်​က မန္တလေးတိုင်း​ဒေသကြီး မိတ္ထီလာခရိုင်​ မလှိုင်​မြို့နယ် ​အ​ရှေ့စံပြ​ကျေးရွာတွင် စတင်​ခဲ့ပြီး စာတတ်​​မြောက်​​ရေးလုပ်​ငန်း ​အောင်​မြင်​​အောင်​ ​ဆောင်​ရွက်​နိုင်ခဲ့တဲ့အတွက် ကုလသမဂ္ဂရဲ့ အသိအမှတ်ပြုတာ ခံခဲ့ရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013