DVB Logo
Home
မြန်မာသတင်း
ယနေ့ မနက် ပေါက်မြို့အနီးတွင် ငလျင်လှုပ်ခတ်
DVB
·
April 30, 2018
ယနေ့ မနက် ပေါက်မြို့အနီးတွင် ငလျင်လှုပ်ခတ်
Donate to DVB

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့အနီးမှာ ဒီနေ့ မနက် အစောပိုင်းက ရစ်(ခ်ျ)တာ စကေး ၄.၆ အဆင့်ရှိတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့တယ် မိုးဇလက ထုတ်ပြန်ပါတယ်။

ဒီနေ့ ဧပြီလ ၃၀ရက်နေ့ မနက် ၀၀ နာရီ ၂၈ မိနစ် ၅၈ စက္ကန့်အချိန်မှာ ညောင်ဦး မြေငလျင်စခန်းမှ အနောက်-အနောက်မြောက်ဘက် မိုင် ၂၀ လောက်ကွာဝေးတဲ့  ပေါက်မြို့ ရဲ့ အရှေ့တောင်ဘက် ၁၆ မိုင်လောက်အကွာ မြောက်လတ္တီတွဒ် ၂၁ .၂၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄ .၆၁ ဒီဂရီ၊ အနက်(၅၂)ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်ျ)တာ စကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ရှား သွားခဲ့တာပါ။

အခုလှုပ်ခတ်တဲ့ မြေငလျင်ဟာ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ၆၀ ကြိမ်မြောက် လှုပ်ခဲ့တာဖြစ်တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013