DVB Logo
Home
သုံးသပျခကျြ
ဒေါ်​အောင်ဆန်း​စုကြည် ဂျနီဗာမိန့်​ခွန်း​မှ ဖွံ့​ဖြိုး​ရေး​အယူအဆအ​ပေါ် သုံး​သပ်ချက်
DVB
·
June 15, 2012
ဒေါ်​အောင်ဆန်း​စုကြည် ဂျနီဗာမိန့်​ခွန်း​မှ ဖွံ့​ဖြိုး​ရေး​အယူအဆအ​ပေါ် သုံး​သပ်ချက်
Donate to DVB

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမှာ မ​နေ့​က ကျင်း​ပသွား​တဲ့​ ကမ္ဘာ့​အလုပ်သမား​အဖွဲ့​ချုပ် အစည်း​အ​ဝေး​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောကြား​သွား​တဲ့​ စီးပွား​ရေး​နဲ့​ဖွံ့​ဖြိုး​ရေး​ မိန့်​ခွန်း​ကောတ်နှုတ်ချက်​တွေကို အဓိကထား​ တင်ပြထား​ပါတယ်။

လူမှု​ရေး​၊​ နိုင်ငံ​ရေး​နဲ့​ စီး​ပွား​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေ လိုက်​လျောညီ​ထွေရှိတဲ့​ ဒီမိုက​ရေစီနဲ့​ သဟဇာတဖြစ်မယ့်​ ဖွံ့​ဖြိုး​ရေး​ပေါ်လစီ​တွေရှိမှပဲ မြန်မာပြည်ဟာ အ​ပေါင်း​လက္ခဏာ ​အောင်မြင်မှု​တွေနဲ့​ ကမ္ဘာ့​မြေပုံ​ပေါ်ကို တ​ကျော့​ပြန် ​ရောက်လာ နိုင်မယ်လို့​ ​ပြောသွား​ပါတယ်။

တရား​ဥပ​ဒေစိုး​မိုး​မှု၊​ ပွင့်​လင်း​မြင်သာမှု၊​ တာဝန်ယူမှု၊​ တာဝန်ခံမှု​တွေနဲ့​ သာမန်လူထုရဲ့​ဘဝ​တွေအ​ပေါ် ​ကောင်း​ကျိုး​သက်​ရောက်မှု​တွေ ရှိတဲ့​ ဖွံ့​ဖြိုး​ရေး​စီမံကိန်း​တွေကို ဦးစား​ပေး​ပြောသွား​ပါတယ်။

ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ မိန့်​ခွန်း​ကောက်နှုတ်ချက်တချို့

“နိုင်ငံသား​တွေရဲ့​ လိုအပ်ချက်​တွေကိုလည်း​ မဖြည့်​ဆည်း​နိုင်၊​ အ​ကြောက်တရား​က​နေ မလွတ်​မြောက်နိုင်ဘူး​ဆိုရင် ဘယ်နိုင်ငံမှ စစ်မှန်တဲ့​ ဖွံ့​ဖြိုး​တိုး​တက်မှု ရှိတယ်လို့​ မ​ကြွေး​ကြော်နိုင်ပါဘူး​။

တိုင်း​ပြည်မှာ တရား​ဥပ​ဒေ စိုး​မိုး​မှုမရှိ၊​ တိုင်း​ရင်း​သား​ပဋိပက္ခ​တွေကို မ​ဖြေရှင်း​နိုင်မချင်း​၊​ ဒီလို အ​ခြေခံ လိုအပ်ချက်​တွေကိုမှ မဖြည့်​ဆည်း​ပေး​နိုင်ရင် ကျန်း​မာသန်စွမ်း​တဲ့​ လူမှု​ရေး​၊​ နိုင်ငံ​ရေး​၊​ စီး​ပွား​ရေး​၊​ အ​ခြေခံ​တွေကို မတည်​ဆောက်နိုင်ပါဘူး​။

အလုပ်အကိုင် ဖန်တီး​ပေး​မယ့်​ နိုင်ငံခြား​တိုက်ရိုက်ရင်း​နှီး​မြှုပ်နှံမှုမျိုး​ကို ဖိတ်​ခေါ်ပါတယ်။ ဒါ​ပေမယ့်​ ရင်း​နှီး​မြှုပ်နှံသူ​တွေဟာ ဥပ​ဒေ လုပ်ထုံး​လုပ်နည်း​ ​တွေကို​တော့​ ​လေး​စား​လိုက်နာဖို့​လိုပါတယ်။ အလုပ်သမား​ စံချိန်စံညွှန်း​တွေ၊​ သဘာဝပတ်ဝန်း​ကျင်အ​ပေါ်မှာ တာဝန်ယူမှု​တွေကို နိုင်ငံတကာမှာ လက်ခံထား​တဲ့​ စံချိန်စံနှုန်း​အတိုင်း​ လိုက်နာကြဖို့​ လိုပါတယ်။

မြန်မာလူငယ်​တွေဟာ တိုင်း​ပြည်မှာ ထိုက်တန်တဲ့​ ​နေရာရဖို့​ အ​ခြေခံပညာ​ရေး​တွေ ကို မသင်ခဲ့​ရပါဘူး​။ ဒါ​ကြောင့်​ ပညာ​ရေး​စနစ်ကို တိုး​တက်လာ​အောင်လုပ်ဖို့​ လိုအပ်​နေ ပါတယ်။ အလုပ်အကိုင်ဖန်တီး​မှုနဲ့​ ချိတ်ဆက်ထား​တဲ့​ အသက်​မွေး​ဝမ်း​ကြောင်း​ ပညာ သင်တန်း​တွေ လိုအပ်ပါတယ်။”

ဒီမိန့်​ခွန်း​မှာပဲ ​ဒေါ်​အောင်ဆန်း​စုကြည်က တာဝန်ခံမှုနဲ့​ ပွင့်​လင်း​မြင်သာမှုမရှိတဲ့​ မြန်မာ့​စွမ်း​အင်ဝန်ကြီး​ဌာနလက်​အောက်က နိုင်ငံပိုင် မြန်မာ့​ရေနံနဲ့​ ဓာတ်​ငွေ့​လုပ်ငန်း​ (MOGE)နဲ့​ အလုပ်တွဲမလုပ်ကြဖို့​၊​ နိုင်ငံတကာအစိုး​ရ​တွေကတဆင့်​ ကုမ္ပဏီ​တွေကို တိုက်တွန်း​သွား​ပါတယ်။

မြန်မာပြည်မှာ ​ရေနံနဲ့​ဓာတ်​ငွေ့​လို သဘာဝအရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​ကဏ္ဍမှာ နိုင်ငံခြား​တိုက်ရိုက် ရင်း​နှီး​မြှုပ်နှံမှု​တွေနဲ့​ ပတ်သက်လို့​လည်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က “ပွင့်​လင်း​မြင်သာမှုကို အ​ရေး​ကြီး​သလိုပဲ စည်း​မျဉ်း​စည်း​ကမ်း​တွေ ​ကောင်း​မွန်ဖို့​ လိုအပ်ပါတယ်လို့​လည်း​ ​ပြောသွား​ပါတယ်။ ဒီလိုမျိုး​ အရင်း​အမြစ်​တွေကို ထုတ်ယူတဲ့​ စီး​ပွား​ရေး​လုပ်ငန်း​တွေဟာ ထုတ်ချင်တာကို ထုတ်ယူပြီး​ ပြန်သွား​တတ်တာနဲ့​ တခြား​ လုပ်ငန်း​တွေလိုမျိုး​ အလုပ်အကိုင်​တွေကို မဖန်တီး​ပေး​နိုင်ဘူး​။ ဒါ​ကြောင့်​ ကျမတို့​ သတိနဲ့​ ချဉ်း​ကပ်ဖို့​ လိုပါတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။ သူ့​အ​နေနဲ့​ မြန်မာပြည်မှာ ပြည့်​စုံပြီး​ ထိ​ရောက်တဲ့​ စွမ်း​အင်​ပေါ်လစီ ရှိ​စေချင်တယ်။ ကြွယ်ဝတဲ့​ စွမ်း​အင်အရင်း​အမြစ်​တွေ ကုန်ခမ်း​သွား​တာမျိုး​ မဖြစ်​စေချင်ဘူး​။ ဒါ​တွေဟာ စွမ်း​အင်ထုတ်ယူတဲ့​ ရင်း​နှီး​မြှုပ်နှံမှု​တွေကို မြန်မာပြည် ဝင်လာဖို့​ ဖိတ်​ခေါ်တာနဲ့​ ဆက်စပ်​နေတာ​ကြောင့်​ သတိထား​ဖို့​ လိုတယ်လို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောသွား​ပါတယ်။”

မိန့်​ခွန်း​ထဲမှာပါတဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဖွံ့​ဖြိုး​ရေး​အယူအဆ​တွေနဲ့​ ပတ်သက်လို့​ ဖွံဖြိုး​ရေး​အ​ကြောင်း​ စာအုပ်စာတမ်း​တွေ ​ရေး​သား​နေတဲ့​ ကို​ဇော်မင်း​ရဲ့​ အမြင်ကို ​မေး​မြန်း​ထား​ပါတယ်။

ပွင့်​လင်း​မှု၊​ တာဝန်ခံမှု၊​ တာဝန်ယူမှုလို၊​ တရား​ဥပ​ဒေစိုး​မိုး​မှုလိုမျိုး​ သူ​ပြောသွား​တာ​တွေ​တော့​ အများ​ကြီး​ရှိတယ်။ အဲဒီထဲမှာ ကျ​နော် နည်း​နည်း​ သတိထား​မိတာက democracy friendly development တို့​လို့​၊​ ​နောက် democracy friendly development policy၊​ democracy friendly investmentလို့​ သူသုံး​သွား​တယ်။ ကျ​နော့်​ စိတ်ထဲမှာ ဒီဟာ ဖွံ့​ဖြိုး​ရေး​ ဘာသာရပ်၊​ စီး​ပွား​ရေး​စကား​လုံး​ အသစ်လို့​ ကျ​နော်ထင်တယ်။ ကို​ဇော်မင်း​ ဘယ်လို သ​ဘောရလဲ။

“တင်စား​ပြီး​ပြောတယ်လို့​ ကျ​နော် ​ပြောနိုင်ပါတယ်။ ဆိုလိုတာက ဘယ်အလုပ်​တွေလုပ်လုပ် စီး​ပွား​ရေး​ဖွံ့​ဖြိုး​မှုကိုပဲ ဦး​တည်ဦး​တည်၊​ နိုင်ငံ​ရေး​တိုး​တက် ဖွံ့​ဖြိုး​မှုကိုပဲ ဦး​တည်ဦး​တည် ဒီမိုက​ရေစီက​နေပြီး​တော့​ ​သွေဖည်မသွား​ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ နီး​ကပ်ဖို့​အတွက်၊​ ဒီမိုက​ရေစီနဲ့​ အမြဲတမ်း​ ပူး​ကပ်​နေဖို့​အတွက် ဒါ သတိ​ပေး​တဲ့​ အသုံး​အနှုန်း​လို့​ ကျ​နော်မြင်ပါတယ်။”

ဘယ်လို စိုး​ရိမ်​သောက​တွေများ​ ရှိနိုင်မလဲ။ နိုင်ငံခြား​ရင်း​နှီး​မြှုပ်နှံမှု​တွေက ခုနကလို ဒီမိုက​ရေစီကို ​သွေဖည်သွား​တာမျိုး​တွေမှာ သူ စိုး​ရိမ်​သောက​တွေများ​ ရှိ​နေမလား​။ ကို​ဇော်မင်း​ ဘယ်လိုသုံး​သပ်လဲ။

“ဒီမိုက​ရေစီကို ​သွေဖည်တာထက် ဥပမာ သက်ဆိုင်ရာ တာဝန်ရှိတဲ့​ လူပုဂ္ဂိုလ် တဦး​၊​ နှစ်ဦး​၊​ သုံး​ဦး​လောက်​နေ တချို့​ဆုံး​ဖြတ်ချက်​တွေကို ဆုံး​ဖြတ်ပြီး​တော့​ တချို့​ရင်း​နှီး​မြှုပ်နှံမယ့်​ ကုမ္ပဏီ​တွေကို တခါတည်း​ အလုံး​လိုက် အရင်း​လိုက် ခွင့်​ပြုလိုက်မှာမျိုး​ဆိုရင် ဒါမျိုး​ကို သူစိုး​ရိမ်တယ်လို့​ ကျ​နော် မြင်တယ် ​ဒေါ်စုအ​နေနဲ့​က။ ဒါ​ကြောင့်​မို့​လို့​ ဆုံး​ဖြတ်ချက်တခုခု ချ​တော့​မယ်ဆိုလို့​ရှိရင် ဒီမိုက​ရေစီနည်း​အရ အစိုး​ရထဲမှာ ဒါ​တွေကို တိုင်ပင်။ ဒီမိုက​ရေစီနည်း​အရ အဲဒီ ရင်း​နှီး​မြှုပ်နှံမယ့်​ ​နေရာမှာ ရှိတဲ့​ ​ဒေသခံ လူထု​တွေ၊​ ​ဒေသခံလူမှုအဖွဲ့​အစည်း​တွေရဲ့​ အမြင်​တွေကို စုစည်း​ သူတို့​ရဲ့​ အမြင်​တွေ ​တောင်း​ခံ။ အဲဒီလို ဒီမိုက​ရေစီ နည်း​ကျကျ လုပ်ပြီး​မှ ဒီရင်း​နှီး​မြှုပ်နှံမှုက ​ရေရှည်မှာ အကျိုး​ရှိတယ် မရှိတယ်ဆိုပြီး​ လက်ခံတဲ့​၊​ လက်ခံပါဆိုတာမျိုး​ ​ပြောတယ်လို့​ ကျ​နော် မြင်ပါတယ်။”

မ​နေ့​က ​ဒေါ်စုမိန့်​ခွန်း​မှာဆိုရင် ထိုင်း​မှာ​ပြောသွား​တဲ့​ မိန့်​ခွန်း​ပြီး​ရင်​တော့​ ဒါ ဘာပဲ​ပြော​ပြော နိုင်ငံတကာက တကယ့်​ ဝန်ကြီး​အဆင့်​ပေါ့​လေ အလုပ်သမား​ဝန်ကြီး​ အဆင့်​တွေ တက်​ရောက်​နေတဲ့​ ကုလသမဂ္ဂ လက်​အောက်ခံအဖွဲ့​အစည်း​မှာ ပထမဆုံး​ပြောတဲ့​ မိန့်​ခွန်း​လို့​ ​ပြောရမှာ​ပေါ့​ဗျာ။ ဒီ မိန့်​ခွန်း​အ​ပေါ်မှာ ကို​ဇော်မင်း​ တစုံလုံး​ ဘယ်လိုသ​ဘောရလဲ၊​ ဘယ်​လောက် သမိုင်း​ဝင်တယ်လို့​ ​ပြောလို့​ ရမလဲ။

“သမိုင်း​ဝင်တယ်လို့​ပဲ ကျ​နော် ​ပြောရမှာ​ပေါ့​ဗျာ။ ဘာဖြစ်လို့လဲ ဆို​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ဒီ​နေရာမှာ သူ့​ရဲ့​ တိုင်း​ပြည်အ​ပေါ်မှာ ဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ မြင်ပုံ၊​ ဒီမိုက​ရေစီနဲ့​ မြင်တဲ့​ဟာ​တွေကို ဒါ ကျ​နော်တို့​ အဆင့်​အတန်း​ မြင့်​မြင့်​ အ​တွေး​အ​ခေါ် အယူအဆ မြင့်​မြင့်​နဲ့​ နိုင်ငံတကာ ​ခေါင်း​ဆောင်​တွေအလယ်မှာ၊​ နိုင်ငံတကာ နိုင်ငံ​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော၊​ စီး​ပွား​ရေး​ ​ခေါင်း​ဆောင်​တွေ​ရော အလယ်မှာ သူ မြန်မာပြည်ကိုယ်စား​ တင်ပြသွား​နိုင်တယ်လို့​ ကျ​နော် အဲဒီလို မြင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013