နော်ဝေနိုင်ငံ အော်စလိုမြို့ကို ဒီနေ့ ညနေပိုင်းမှာ ရောက်လာဖို့ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နော်ဝေရောက် မြန်မာနိုင်ငံသားတိုင်းရင်းသားတွေက အကအခုန်တွေနဲ့ ခမ်းခမ်းနားနားကြိုဆိုကြဖို့ ကြိုတင်ပြင်ဆင်ထားကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အပေါ် ဥရောပရောက် မြန်မာတွေ ရဲ့ မျှော်လင့်ချက်တွေ နဲ့ ပတ်သက်ပြီး နော်ဝေးနိုင်ငံမှာ ရောက်ရှိနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီ ပြည်သူ့လွှတ်တော်အမတ် ဦးကျော်သွင် ကို သောကြာနေ့ နော်ဝေစံတော်ချိန် မွန်းတည့် ၁၂ နာရီလောက်မှာ ဆက်သွယ် မေးမြန်းထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။











